“အဋ္ဌကထာ သမိုင်း”
အဋ္ဌကထာ ( အတ္ထ = အဋ္ဌ = အနက်အဓိပ္ပာယ်ကို + ကထာ = ဖွင့်ပြသောစကား) ဆိုသည်မှာ ပါဠိတော်ဟူသော ပိဋကသုံးပုံကို အနက်အဓိပ္ပာယ် အယူအဆ မတိမ်းယိမ်းရအောင် ထိန်းကွပ်ပေးသော အဖွင့်ကျမ်းဟု အဓိပ္ပာယ်ရ၏။ ယင်းသို့ဝေါဟာရ အထိန်းအကွပ် ကန့်သတ်ချက် မူချမပေးလျှင် မိမိတို့ ထင်ရာ ဆွဲငင်၍ လိုသလို (၀ါ) ကြိုက်လျှင် ကြိုက်သလို၊ မကြိုက်လျှင် မကြိုက်သလို ‘ကိုယ့် ယူဆချက်အမှန်’ ဟု ယူဆကြသော် ကာလကြာလျှင် မြတ်စွာဘုရား၏ ဒေသနာစကားများ အမှားမှား အယွင်းယွင်း ဖြစ်ကာ သတ္တ၀ါအများအတွက် များစွာ အကျိုးယုတ်စေနိုင်လေသည်။
၁။ ထိုသို့သော အကြောင်းများကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုပေးတော်မူခဲ့ရလေသည်။ ဝေါဟာရ ကန့်သတ်ချက် ပေးတော်မူခဲ့ရလေသည်။ ယင်းကို ‘ပကိဏ္ဏာကဒေသနာ = အထွေထွေ တရားတော်၊ ဗုဒ္ဓသံဝဏ္ဏိတ အဋ္ဌကထာ = ဘုရားရှင်ဖွင့်ပြသော အဋ္ဌကထာ’ ဟု ခေါ်၏။(အနုဋီကာ-၁၊ ၁၁။ ဒီ-ဋီ-၁၊ ၁၅။)
၂။ အရှင်မဟာကဿပစသော သံဂါယနာတင် ထေရ၀ါဒီ မထေရ်ကြီး အဆက်ဆက်တို့၏ အဆုံးအဖြတ်ဖွင့်ဆိုချက် အနုဗုဒ္ဓသံဝဏ္ဏတ အဋ္ဌကထာ = သာဝကကြီးများ၏ အဖွင့် = မဂဓ အဋ္ဌကထာ၊ (ဒီ-ဋ္ဌ-၁၊ သာရတ္ထ - ၃၊၆။ မဟာဝံသ - ၃၇ - ၂၄၄။)
ယင်းသို့ သံဂါယနာ သုံးတန်တင်ပြီး မထေရ်ကြီး အဆက်ဆက်တို့ ဖွင့်ဆိုခဲ့ကြသော အဋ္ဌကထာများကို အရှင် မဟာမဟိန္ဒထေရ်မြတ်သည် သီဟိုဠ်ကျွန်းသို့ ယူဆောင်သွားပြီးလျှင် သီဟိုဠ်ကျွန်းသားတို့အတွက် သီဟိုဠ်ဘာသာဖြင့် ပြန်ဆိုရေးတင်ထားသည်။
ယင်းအဋ္ဌကထာကိုပင် မူလ အဋ္ဌကထာဟု ၎င်း၊ မဟာအဋ္ဌကထာဟု ၎င်း ခေါ်ဆိုသည်။ (ဒီ-မ-သံ-အံ-နိကာယ် အဋ္ဌကထာကြီး၏ ပမာဏနိဒါန်းဂါထာ။)
ယင်းမူလ မဟာအဋ္ဌကထာများကိုပင် ပေါရာဏအဋ္ဌကထာ၊ သီဟိုဠ်အဋ္ဌကထာ ကြီးများဟုတ်လည်း ခေါ်တွင်သည်။
(စရိယာ - ဋ္ဌ၊ ၃၂၇။ ဥဒါန - ဋ္ဌ၊ ၃၉၃)။
၃။ အရှင်မဟာ မဟိန္ဒထေရ်မြတ်၏ အဆက်အနွယ်ဖြစ်သော မဟာဝိဟာရ ထေရ၀ါဒီ မထေရ်မြတ်ကြီး သီဟိုဠ်ဘာသာသက်သက်ဖြင့် ဦးစွာရေးသားသော မဟာပစ္စရိအဋ္ဌကထာဟူ၍လည်း ရှိ၏။ ပစ္စရိသဒ္ဒာ ဖောင်ကိုဟောသဖြင့် ဖောင်ပေါ်၌နေ၍ ရေးသားပြုစုသော အဋ္ဌကထာဟု ဆို၏။ (၀ဇိရဋီကာ၊ ၁၈။)
၎။ ကုရုန္ဒီဝလ္လိမည်သောကျောင်း၌ ရေးသော ကုရုန္ဒီအဋ္ဌကထာ၊
အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌ ကထာသစ်ရေးစဉ် အခိုင်အမာ ကိုယ်ထည်အနှစ်သာရထား၍ အားကိုးရသော အဋ္ဌကထာများမှာ ယင်းသီဟိုဠ်အဋ္ဌကထာကြီး ၃-စောင်ပင်ဖြစ်၏။ (၀ိ-ဋ္ဌ-၁၊ ၁။ ၀ိ-ဋ္ဌ-၄၊ ၂၆၃။) ယင်းအဋ္ဌကထာကြီး ၃-စောင်တွင်လည်း အရှင်မဟိန္ဒမထေရ်မြတ်ရေးပြုတော်မူသော မူလအဋ္ဌကထာကြီးမှ တပါး ကျန်အဋ္ဌကထာကြီး ၂-စောင်သည် ၀ိနည်း ပိဋက (ခုဒ္ဒက နိကာယ်) မှတပါး အခြား နိကာယ်များအတွက်ကား ရှိဟန်မတူချေ။
၅။ စူဠပစ္စရီအဋ္ဌကထာ (မဟာပစ္စရီ၏ အကျဉ်းချုပ်)
၆။ သင်္ခေပ အဋ္ဌကထာ = အဋ္ဌကထာ အကျဉ်း။
၇။ အန္ဓက အဋ္ဌာကထာမှာ က္ကုန္ဒိယ တောင်ပိုင်း အန္ဓကတိုင်း ဘာသာ (တေလဂူဘာသာ)ဖြင့် ရေးထားသော အဋ္ဌကထာဖြစ်သည်။
ယင်း အဋ္ဌကထာကြီးများအပြင် သီဟိုဠ်သာသနာဝင်၌ ပရိယတ် ပဋိပတ်အရာ ကျော်ကြားထင်ရှားသော ထေရ၀ါဒီ မထေရ်မြတ်ကြီးများ၏ အယူအဆ ဆုံးဖြတ်ချက် = ထေရသလ္လာပများ (ဒီ-ဋ္ဌ-၃။၆၆)၊ဇဗ္ဗူဒိပ်ကျွန်း၌ ထင်ရှားသော မထေရ်ကြီးများ၏ အယူအဆများ (မ-ဋ္ဌ-၃၊ ၁၉၅၊၁၉၈၊ ၂၁၀)၊ ၀ိသုဒ္ဓိမဂ်၌ ညွှန်းပြထားသော ‘၀ိသုဒ္ဓိကထာ၊ အရိယ၀ံသကထာ’ စသော ကျမ်းစာများ၊ အေဒီ-၄-ရာစုအတွင်း(မဟာသေနမင်း သာသနာ ၈၀၈-၈၃၅၊အေ-ဒီ ၃၂၅-၃၅၂)က ဖြစ်ပေါ်ခဲ့သော ဒီပ၀ံသခေါ် ပထမဆုံး သာသနာဝင်ကျမ်းစသည်များသည် အရှင်မဟာဗုဒ္ဓဃောသ သီဟိုဠ်မရောက်မီက ရှိနှင့်သည့် ထေရ၀ါဒဆိုင်ရာ ခိုင်မာသန့်ရှင်းသော အဋ္ဌကထာနှင့် သီဟိုဠ် ကျမ်းစာများဖြစ်ပေသည်။
ကောက်နုတ်ချက် = သီဟိုဠ်ခောတ် စံတောင်ဝင် အရိယများ - ဓမ္မစရိယ ဦးဋ္ဌေးလှိုင်
အဋ္ဌကထာ ( အတ္ထ = အဋ္ဌ = အနက်အဓိပ္ပာယ်ကို + ကထာ = ဖွင့်ပြသောစကား) ဆိုသည်မှာ ပါဠိတော်ဟူသော ပိဋကသုံးပုံကို အနက်အဓိပ္ပာယ် အယူအဆ မတိမ်းယိမ်းရအောင် ထိန်းကွပ်ပေးသော အဖွင့်ကျမ်းဟု အဓိပ္ပာယ်ရ၏။ ယင်းသို့ဝေါဟာရ အထိန်းအကွပ် ကန့်သတ်ချက် မူချမပေးလျှင် မိမိတို့ ထင်ရာ ဆွဲငင်၍ လိုသလို (၀ါ) ကြိုက်လျှင် ကြိုက်သလို၊ မကြိုက်လျှင် မကြိုက်သလို ‘ကိုယ့် ယူဆချက်အမှန်’ ဟု ယူဆကြသော် ကာလကြာလျှင် မြတ်စွာဘုရား၏ ဒေသနာစကားများ အမှားမှား အယွင်းယွင်း ဖြစ်ကာ သတ္တ၀ါအများအတွက် များစွာ အကျိုးယုတ်စေနိုင်လေသည်။
၁။ ထိုသို့သော အကြောင်းများကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုပေးတော်မူခဲ့ရလေသည်။ ဝေါဟာရ ကန့်သတ်ချက် ပေးတော်မူခဲ့ရလေသည်။ ယင်းကို ‘ပကိဏ္ဏာကဒေသနာ = အထွေထွေ တရားတော်၊ ဗုဒ္ဓသံဝဏ္ဏိတ အဋ္ဌကထာ = ဘုရားရှင်ဖွင့်ပြသော အဋ္ဌကထာ’ ဟု ခေါ်၏။(အနုဋီကာ-၁၊ ၁၁။ ဒီ-ဋီ-၁၊ ၁၅။)
၂။ အရှင်မဟာကဿပစသော သံဂါယနာတင် ထေရ၀ါဒီ မထေရ်ကြီး အဆက်ဆက်တို့၏ အဆုံးအဖြတ်ဖွင့်ဆိုချက် အနုဗုဒ္ဓသံဝဏ္ဏတ အဋ္ဌကထာ = သာဝကကြီးများ၏ အဖွင့် = မဂဓ အဋ္ဌကထာ၊ (ဒီ-ဋ္ဌ-၁၊ သာရတ္ထ - ၃၊၆။ မဟာဝံသ - ၃၇ - ၂၄၄။)
ယင်းသို့ သံဂါယနာ သုံးတန်တင်ပြီး မထေရ်ကြီး အဆက်ဆက်တို့ ဖွင့်ဆိုခဲ့ကြသော အဋ္ဌကထာများကို အရှင် မဟာမဟိန္ဒထေရ်မြတ်သည် သီဟိုဠ်ကျွန်းသို့ ယူဆောင်သွားပြီးလျှင် သီဟိုဠ်ကျွန်းသားတို့အတွက် သီဟိုဠ်ဘာသာဖြင့် ပြန်ဆိုရေးတင်ထားသည်။
ယင်းအဋ္ဌကထာကိုပင် မူလ အဋ္ဌကထာဟု ၎င်း၊ မဟာအဋ္ဌကထာဟု ၎င်း ခေါ်ဆိုသည်။ (ဒီ-မ-သံ-အံ-နိကာယ် အဋ္ဌကထာကြီး၏ ပမာဏနိဒါန်းဂါထာ။)
ယင်းမူလ မဟာအဋ္ဌကထာများကိုပင် ပေါရာဏအဋ္ဌကထာ၊ သီဟိုဠ်အဋ္ဌကထာ ကြီးများဟုတ်လည်း ခေါ်တွင်သည်။
(စရိယာ - ဋ္ဌ၊ ၃၂၇။ ဥဒါန - ဋ္ဌ၊ ၃၉၃)။
၃။ အရှင်မဟာ မဟိန္ဒထေရ်မြတ်၏ အဆက်အနွယ်ဖြစ်သော မဟာဝိဟာရ ထေရ၀ါဒီ မထေရ်မြတ်ကြီး သီဟိုဠ်ဘာသာသက်သက်ဖြင့် ဦးစွာရေးသားသော မဟာပစ္စရိအဋ္ဌကထာဟူ၍လည်း ရှိ၏။ ပစ္စရိသဒ္ဒာ ဖောင်ကိုဟောသဖြင့် ဖောင်ပေါ်၌နေ၍ ရေးသားပြုစုသော အဋ္ဌကထာဟု ဆို၏။ (၀ဇိရဋီကာ၊ ၁၈။)
၎။ ကုရုန္ဒီဝလ္လိမည်သောကျောင်း၌ ရေးသော ကုရုန္ဒီအဋ္ဌကထာ၊
အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌ ကထာသစ်ရေးစဉ် အခိုင်အမာ ကိုယ်ထည်အနှစ်သာရထား၍ အားကိုးရသော အဋ္ဌကထာများမှာ ယင်းသီဟိုဠ်အဋ္ဌကထာကြီး ၃-စောင်ပင်ဖြစ်၏။ (၀ိ-ဋ္ဌ-၁၊ ၁။ ၀ိ-ဋ္ဌ-၄၊ ၂၆၃။) ယင်းအဋ္ဌကထာကြီး ၃-စောင်တွင်လည်း အရှင်မဟိန္ဒမထေရ်မြတ်ရေးပြုတော်မ