Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

ဗုဒ္ဓဘာသာလက်စွဲ (၂၆) **ဒုတိယတန်းဆရာများ သိရန်**

$
0
0


ဗုဒ္ဓဘာသာလက်စွဲ ပထမတွဲအဖွင့်

[ဒုတိတန်း ဆရာများ သာသိရန်ညွှန်ပြချက်။]

၁။။ “ဣတိ+ပိသော+ဘဂဝါ” ဟုမဖြတ်စေဘဲ “ဣတိပိ+သောဘဂဝါ” ဟုဖြတ်ပါစေ၊ “သမ္မာ+သမ္ဗုဒ္ဓေါ” ဟု မဖြတ်စေဘဲ “သမ္မာသမ္ဗုဒ္ဓေါ”ဟု တစ်ဆက်တည်းရွတ်ပါစေ၊  “ဝိဇ္ဇာ+စရဏ+သမ္ပန္နော” ဟုမဖြတ်စေဘဲ “ဝိဇ္ဇာစရဏသမ္ပန္နော” ဟုတစ်ဆက်တည်းရွတ်ပါစေ၊ “သတ္ထာဒေဝါ+မနုဿာနံ” ဟုဖတ်တတ်ကြသည်။  “သတ္ထာ+ဒေဝမနုဿာနံ” ဟုဖတ်တတ်ပါစေ။

၂။။ “သွာက္ခာတော=သွာခါတော” ဟုပါဌ်နှစ်မျိုးလုံးပင် သဒ္ဒထုံးစံရှိပါသည်။

၃။။ “သု+ပဋိပန္နော” စသည်ဖြင့် ရွတ်တတ်ကြစေ၊ “သုပ္ပဋိပန္နော, ဥဇုပ္ပဋိပန္နော, ဉာယပ္ပဋိပန္နော, သာမိစိပ္ပဋိပန္နော” ဟုရွတ်ဖတ်ပါစေ။

၎။။ ဆုတောင်း၌ “အာသဝက္ခယံ+ ဝဟံဟောတု” ဟုအဆိုမှားတတ်၏၊ အဂုင်္တ္တရဋ္ဌ ကထာ, ဧကနိပါတ, ၅-ပဏိဟိတအစ္ဆဝဂ်, ဒုတိယသုတ်အဖွင့်၌ “ဣဒံ မေ ဒါနံ အာသဝခ​ယာဝဟံ ဟောတု” ဟု သေသေချာချာရှိပါသည်။ ထို “အာသဝက္ခယာဝဟံ ” ပါဌ်သည် “ဟိတာဝဟံ, သုခါဝဟံ” စသော ပါဌ်တို့နှင့်လည်း ထပ်တူဖြစ်ပါသည်။


၅။။ ဂုဏ်တော်များ၏ မြန်မာပြန်နှင့်စပ်၍ မှတ်ဖွယ်ကို တတိယတန်းကျမှ ပြောပြသင့်ပါသည်။ သံဃာ့ဂုဏ်တော်၌ “အရိယာ” ဖြစ်ပြီးသော သံဃာတော်များ၏ ဂုဏ်တော်ဖြစ်ကြောင်းကို “ယဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ, အဋ္ဌပုရိသပုဂ္ဂလာ” ပါဌ်ဖြင့် သိနိုင်ပါသည်။

၆။။ ဒုစရိုက် သုစရိုက်အကြောင်းကို ပြောရာ၌ “ဒုစရိုက် ဆယ်ပါး သုစရိုက်ဆယ်ပါးကို ” ရေတွက်ခိုင်းနေဖို့ မလိုသေးပါ၊ တတိယတန်း၌ တိုက်ရိုက်ပါလာပါလိမ့်မည်၊ အခြားသော အခန်းများ၌ ညွှန်ပြဖွယ် အထူးရှိမည်မထင်ပါ။

၇။။ပါဏတိပါတ စသည်မှ ရှောင်ခြင်း၏ အကျိုးများကို ခုဒ္ဒကပါဌ သိက္ခာ ပဒခန်း အဖွင့် အဋ္ဌကထာ၌ များစွာလာပါသေး၏၊ ကလေးများမှတ်ဖို့ မလွယ်ကူသောကြောင့် ရှေးကရှိပြီးသော လင်္ကာအတိုင်းလိုက်၍သာ ပြရပါတော့သည်။

၈။။ ရန်သူမျိုးငါးပါး ရေတွက်ရာ၌ “အမွေခံ သားသမီးဆိုး” နေရာဝယ် “မချစ်မနှစ်သက်သူ” ကိုထည့်တတ်ကြ၏၊ “ယာတာ ဟောန္တိ အာပဒါ အဂ္ဂိတောဝါ ဥဒကတောဝါ ရာဇတောဝါ စောရတောဝါ အပ္ပိယတောဝါ ဒါယာဒတော (မချစ်အပ်သော အမွေခံမှလည်းကောင်း)”ဟူသော (အဂုင်္တ္တိုရ်, ပဉ္စကနိပါတ်, ပဌမပဏ္ဏာသက, မုဏ္ဍရာဇဝဂ်, ပထမသုတ်) ပါဠိတော်နှင့် ဆန့်ကျင် နေကြောင်းကို သတိပြုပါ။

ဒုတိယတန်းအတွက် ညွှန်ပြချက်ပြီး၏။

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...