Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

ဗုဒ္ဓဘာသာလက်စွဲ (၂၇) **တတိယတန်း အရကျက်ရန်စာများ**

$
0
0


တတိယတန်း

အရကျက်ရန်စာများ

[အောက်တန်း စာများကိုမရသေးလျှင် နှုတ်တတ်ပါရစေ။]

ဘုရားဂုဏ်တော်မြန်မာပြန်။

၁။ ဣတိပိ သောဘဂဝါ အရဟံ...ထိုရှင်တော်မြတ်ဘုရားသည် ကိလေသာတို့မှ ဝေကွာတော်မူ၍ ပူဇော်အပ်သော ပစ္စည်းတို့ကို ခံယူတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း “အရဟံ”ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါပေသည်တကား။

၂။ ဣတိပိ သောဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ…ထိုရှင်တော်မြတ်စွာဘုရားသည် သိဖွယ်အတန်တန်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင် သိတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း “သမ္မာသမ္ဗုဒ္ဓ”ဟူသော ဂုဏ်တော်အားဖြင့်လည်းထင်ရှားတော်မူပါပေသည် တကား။

၃။ ဣတိပိ သောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော… ထိုရှင်တော်မြတ်စွာဘုရားသည် ဝိဇ္ဇာဉာဏ်တော်, သုံးဘော်ရှစ်ပါး အကျင့်စရဏ တစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း “ဝိဇ္ဇာစရဏ သမပန္န”ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါပေသည်တကား။

၎။ ဣတိပိ သောဘဂဝါ သုဂတော… ထိုရှင်တော်မြတ်ဘုရားသည် ကိုယ်တော်မြတ်၏ ကြွသွားပုံဉာဏ်တော်၏ ဖြစ်ပုံနှစ်ပါးစုံ တင့်တယ်တော်မူသော ဤအကြောင်းကြောင့်လည်း “သုဂတ”ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါပေသည်တကား။

၅။ ဣတိပိ သောဘဂဝါ လောကဝိဒူ…ထိုရှင်တော်မြတ်ဘုရားသည် ကမ္ဘာလောက ဘုံဌာနနှင့်များလှထွေထွေ သတ္တဝါတွေကို ခွဲဝေကုန်စင် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း “လောကဝိဒူ”ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါပေသည်တကား။

၆။ ဣတိပိ သောဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရတိ …ထိုရှင်တော်မြတ်ဘုရားသည် ဆုံးမထိုက်သော ယောင်္ကျား မိန်းမဟူသမျှကို နည်းပြသင်ပေး၍ ယဉ်ကျေးအောင်ဆုံးမမှု၌ တုဘက်ကင်းကွာ အသာဆုံးဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း “အနုတ္တရော ပုရိသဒမ္မသာရထိ”ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါပေသည်တကား။

၇။ ဣတိပိ သောဘဂဝါ သတ္ထာဒေဝမနုဿာနံ…ထိုရှင်တော်မြတ်စွာဘုရားသည် နတ်လူတို့၏ ဆရာဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း “သတ္ထာဒေဝမနုဿာနံ”ဟူသော ဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါပေသည် တကား။

၈။ ဣတိပိ သောဘဂဝါ ဗုဒ္ဓေါ… ထိုရှင်တော်မြတ်စွာဘုရားသည် သစ္စာလေးပါးဘော် တရားတော်ကို ကိုယ်တော်အစ သိပြီးမှလျှင် များလှဝေနေ သတ္တဝါတွေကို မသွေအတူ သိစေတော်မူသော ဤအကြောင်းကြောင့်လည်း “ဗုဒ္ဓ”ဟူသော ဂုဏ်တော်အားဖြင့်ထင်ရှားတော်မူပါပေသည်တကား။

၉။ ဣတိပိ သောဘဂဝါ ဘဂဝါ…ထိုရှင်တော်မြတ်ဘုရားသည် ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း “ဘဂဝါ”ဟူသောဂုဏ်တော်အားဖြင့် ထင်ရှားတော်မူပါပေသည်တကား။
 ဤဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရားကို လေးစားကြည်ညို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား၊(ဤသို့ဆိုပြီးလျှင် သက်တော်ထင်ရှားဘုရားကို မှန်း၍ ရှိခိုးဝပ်ချလိုက်ပါ။)

တရားဂုဏ်တော်ခြောက်ပါး မြန်မာပြန်။

၁။ သွာက္ခာတော ဘဂဝတာ ဓမ္မော …ရှင်တော်မြတ်ဘုရား၏ တရားတော်သည် ဆုံးစအလယ် သုံးသွယ်သောဂုဏ်အင်္ဂါဖြင့် ကောင်းစွာဟောတော်မူအပ်သောကြောင့် “သွာက္ခာတ”ဂုဏ်တော်နှင့်လည်း ပြည့်စုံပါပေသည်တကား။
၂။ သန္ဒိဋ္ဌိကော…ရှင်တော်မြတ်စွာဘုရား၏ တရားတော်သည် အများအပြောဖြင့် သဘောမကျရဘဲ ဒိဋ္ဌကိုယ်တိုင်သိမြင်နိုင်သောကြောင့် “သန္ဒိဋ္ဌိက”ဂုဏ်တော်နှင့်လည်းပြည့်စုံတော်မူပါပေသည်တကား။

၃။ အကာလိကော…ရှင်တော်မြတ်ဘုရား၏ မဂ်တရားတော်သည် မျှော်ခေါ်ဆိုင်းငံ့၍ မထားဘဲ အခြားမဲ့ ဖိုလ်အကျိုးကို ပေးနိုင်းသောကြောင့် “အကာလိက”ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။

၎။ ဧဟိပဿိကော…ရှင်တော်မြတ်ဘုရား၏ တရားတော်သည် မယုံကြည်လျှင် အသင်လာလှည့်ကျင့်၍ကြည့်ဟု အတိအလင်းဖိတ်ခေါ်ခြင်းငှာထိုက်တော်မူသောကြောင့် “ဧဟိပဿိက”ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။

၅။ ဩပနေယျိကော…ရှင်တော်မြတ်ဘုရား၏ တရားတော်သည် မိမိစိတ်တွင် ထင်မြင်လာအောင် ကပ်ဆောင်ထိုက်သောကြောင့် “ဩပနေယျိက”ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ…ရှင်တော်မြတ်ဘုရား၏ တရားတော်သည် လေးပါးသော မဂ်ဉာဏ်ဖြင့်

 နိဗ္ဗာန်မြင်ပြီး ပညာရှင်ကြီးတို့ အသီးသီး ကိုယ်တိုင် ခံစားနိုင်သောကြောင့် “ပစ္စတ္တံဝေဒိတဗ္ဗ”ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။

 ဤ ဂုဏ်တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်မြတ်ကို လေးစားကြည်ညို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား၊(ဤသို့ဆိုပြီးလျှင် တရားတော်ကို မှန်း၍ ရှိခိုးဝပ်ချလိုက်ပါ။)

သံဃာ့ဂုဏ်တော်ကိုးပါး မြန်မာပြန်။

၁။ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…ရှင်တော်မြတ်ဘုရား၏ တပည့်သားအစစ်ဖြစ်တော်မူကြသော အရိယာသံဃာတော်သည် ဆုံးမတော်မူသမျှကို လုံးဝ လိုက်နာ၍ ကောင်းမွန်စွာ ကျင့်တော်မူသောကြောင့် “သုပ္ပဋိပန္န”ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။

၂။ ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…ရှင်တော်မြတ်ဘုရား၏ တပည့်အစစ်ဖြစ်တော်မူသော အရိယာသံဃာတော်သည် ပရိယာယ်မာယာ ဟန်ဆောင်မှုမပါဘဲ ဖြောင့်မှန်စွာ ကျင့်တော်မူသောကြောင့် “ဥဇုပ္ပဋိပန္န” ဂုဏ်တော်နှင့်လာ၏ည်း ပြည့်စုံတော်မူပါပေသည်တကား။

၃။ ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…ရှင်တော်မြတ်ဘုရား၏ တပည့်သာအစစ်ဖြစ်တော်မူသော အရိယာသံဃာတော်သည်နိဗ္ဗာန်အကျိုးငှာသာ ကျင့်တော်မူသောကြောင့် “ဉာယပ္ပဋိပန္န” ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။

၎။ သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော…ရှင်တော်မြတ်ဘုရား၏ တပည့်သားအစစ် ဖြစ်တော်မူသော အရိယာသံဃာတော်သည် လူတို့၏ ရိုသေမှုနှင့်သင့်လျော်အောင် ကျင့်တော်မူသောကြောင့် “သာမိစိပ္ပဋိပန္န”ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။
 (ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ… အကြင် အစုံအားဖြင့် လေးစုံ, အသီးအခြားခွဲသောအားဖြင့် ရှစ်ပါးသော ယောကျာ်းပုဂ္ဂိုလ်တို့ ရှိကြပေကုန်၏။)

၅။ ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော…ရှင်တော်မြတ်ဘုရား၏ ထိုအစုံလေးပါး သီးခြားရှစ်ဘော်တပည့်သားအစသာ အရိယာသံဃာတော်သည် ၍ပူဇော်အပ်သော ပစ္စည်းကိုခံယူတော်မူထိုက်သောကြောင့် “အာဟုနေယျ”ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။

၆။ ပါဟုနေယျော… ဧည့်သည်များဖို့ ရည်ရွယ်ထားသောပစ္စည်းကို ခံယူတော်မူထိုက်သောကြောင့် “ပါဟုနေယျ”ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။

၇။ ဒက္ခိဏေယျော…နောက်ဘဝ အကျိုးကိုရည်းမှန်း၍ လှူဒါန်းအပ်သော ပစ္စည်းကိုခံယူတော်မူထိုက်သောကြောင့် “ဒက္ခိဏေယျ”ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။

၈။ အဉ္စလိကရဏီယော…လက်အုပ်ချီမိုး ရှိခိုးမှုကို ပြုထိုက်တော်မူသောကြောင့် “အဉ္စလိကရဏီယ”ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူပါပေသည်တကား။

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ… တစ်လောကလုံး၏ အမြတ်ဆုံးကောင်းမှုလယ်မြေ
ဖြစ်တော်မူသောကြောင့် “အနုတ္တရပုညက္ခေတ္တ”ဂုဏ်တော်နှင့်လည်းပြည့်စုံတော်မူပါပေသည်တကား။
 ဤသို့ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော အရိယာသံဃာတော်မြတ်ကိုလေးစားကြည်ညို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား၊ (ဤသို့ဆိုပြီးလျှင် အရိယာ သံဃာတော်ကိုမှန်း၍ ဝပ်ချလိုက်ပါ။)

ဒုစရိုက်ဆယ်ပါး။

ကာယကံသုံးပါး။

၁။ ပဏာတိပါတ=သူ့အသက်သတ်မှု။
၂။ အဒိန္နာဒါန=သူ့ဥစ္စာခိုးမှု၊[ဝှက်မှု လုမှု လိမ်၍ ညစ်၍ယူမှု။]
၃။ ကာမေသုမိစ္ဆာစာရ=ကာမဂုဏ်တို့၌ ယုတ်ယုတ်မာမာကျင့်မှု။

ဝစီကံလေးပါး။

၎။ မုသာဝါဒ=မုသားပြောမှု။
၅။ ပိသုဏဝါစာ= ချောပစ်ကုန်းတိုက်မှု၊ [ချစ်ခင်နေသူနှစ်ဦးကို ကွဲသွားအောင်ဖြစ်စေ,
သူ့ကိုမုန်းပြီး မိမိကိုချစ်အောင် ရန်တိုက်မှုကို “ကုန်းတိုက်”ဟုခေါ်၏။]
၆။ ဖရုသဝါစာ=ဆဲဆိုကြိမ်းမောင်းမှု။
၇။ သမ္ဖပ္ပလာပ= ပိန်းဖျင်းသော စကားကို ပြောဆိုမှု၊ [စပါးပိန် စပါးဖျင်းသည် အတွင်း၌ အနှစ်အဆန်မရှိသကဲ့သို့ အနက်အဓိပ္ပာယ်မရှိသော ယုံတမ်းစကားမျိုးကို “ပိန်ဖျင်းသောစကား”ဟုခေါ်၏။]

မနောကံသုံးပါး။

၈။ အဘိဇ္ဈာ=သူများစည်းစိမ်ကို “ငါ့ဟာဖြစ်လျှင်ကောင်းမှာဘဲ”ဟုမတရားကြံစီမှု။
၉။ ဗျာပါဒ=ဒီကောင်သေသွားရင်ကောင်းမှာပဲဟု သူတပါးပျက်စီးအောင် ကြံစီမှု။
၁ဝ။ မိစ္ဆာဒိဋ္ဌိ=အယူမှားမှု။
 ဤဆယ်ပါးကို “အကုသလကမ္မပထဆယ်ပါး”ဟုလည်းခေါ်၏။]

ဆောင်ပုဒ်။     ။ (၁)သက်သတ်-ခိုးမှု, ကာမေသု, သုံးခုကာယကံ။
                    (၂)မုသားပြောမှု, ရန်တိုက်မှုနှင့်,ဆဲမှုတစ်ခင်း,ပိန်းဖျင်းစကား, ဤလေးပါး မှတ်သားဝစီကံ။
                    (၃)သူ့ဥစ္စာမှန်, မတရားကြံ၍, ဖောက်ပြန် သေကြေ, ပျက်စီးလိုငြား, အယူမှား,သုံးပါး မနောကံ။

သုစရိုက်ဆယ်ပါး။

ကာယကံသုံပါး

၁။ပါဏာတိပါတ ဝိရတိ=ပါဏာတိပါတမှ ရှောင်ကြဉ်မှု။
၂။ အဒိန္နာဒါန ဝိရတိ=အဒိန္နာဒါနမှ ရှောင်ကြဉ်မှု။
၃။ ကာမေသု မိစ္ဆာစာရာ ဝိရတိ= ကာမေသု မိစ္ဆာစာရမှ ရှောင်ကြဉ်မှု။

ဝစီကံလေးပါး။

၎။ မုသာဝါဒ ဝိရတိ=မုသာဝါဒမှ ရှောင်ကြဉ်မှု။
၅။ ပိသုဏဝါစာ ဝိရတိ= ပိသုဏဝါစာမှ ရှောင်ကြဉ်မှု။
၆။ ဖရုသဝါစာ ဝိရတိ= ဖရုသဝါစာမှ ရှောင်ကြဉ်မှု။
၇။ သမ္ပပ္ပလာပ ဝိရတိ=သမ္ပပ္ပလာပမှ ရှောင်ကြဉ်မှု။

မနောကံသုံးပါး။

၈။ အနဘိဇ္ဈာ= အဘိဇ္ဈာ မဖြစ်ခြင်း။
၉။ အဗျာပါဒ=ဗျာပါဒ မဖြစ်ခြင်း။
၁ဝ။ သမ္မာဒိဋ္ဌိ=အယူမှန်ခြင်း။
 [ဤဆယ်ပါးကို “ကုသလကမ္မပထဆယ်ပါး”ဟုလည်းခေါ်၏]

 ဆောင်ပုဒ်။     ။(၁) ဒုစရိုက်ဆယ်ပါး, ရှောင်ကြဉ်ငြား, မှတ်သားသုစရိုက်။
                      (၂) ရှေ့ခုနစ်ဖြာ, ဝိရတိသာ, ထည့်ကာ ရေတွက်လိုက်။
                      (၃) အနဘိဇ္ဈာ, အဗျာပါနှင့်, သမ္မဒိဋ္ဌိ,နောက်သုံးထည့်, မှတ်သိ ဆယ်ပါးကိုက်။

တတိယတန်းကျက်စာ ပြီး၏။

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...