Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

ဗုဒ္ဓဘာသာလက်စွဲ (၂၅) **ဆုတောင်းအဓိပ္ပာယ်**

$
0
0


ဆုတောင်းအဓိပ္ပာယ်

ဆရာ။     ။ ဆုတောင်း မတတ်လျှင် တစ်ဘဝပြီးတစ်ဘဝ ဆက်နေရလို့ အိုရ နာရ သေရတဲ့ ဒုက္ခတွေချည်း ခံနေရမယ်ကွဲ့၊ ဒါ့ကြောင့် “လူချမ်းသာဖြစ်ရပါလို၏, နတ်ချမ်းသာဖြစ်ရပါလို၏” ဆိုတဲ့ဆုတောင်းမျိုးဟာ မကောင်းဘူး၊ “နိဗ္ဗာန် မြန်မြန်ရပါလို၏” လို့ဆုတောင်းခြင်းသာ လမ်းမှန်တယ်၊ “ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု=တပည့်တော်၏ ဤကောင်းမှုသည် အာသဝေါ တို့၏ ကုန်ရာ နိဗ္ဗာန်ကို ဆောင်နိုင်ပါစေသတည်း” ဆိုတဲ့ဆုတောင်းကို ကုသိုလ်ကောင်းမှုပြုတိုင်း တောင်း ကြရ တယ်။

တပည့်များ။        ။ ဒီလိုဆုတောင်းလိုက်တော့ နိဗ္ဗာန်ကို မြန်မြန်ရရော့လားဆရာ။

ဆရာ။     ။ အေး, မေးထိုက်ပေတယ်ကွဲ့၊ ဆုတောင်းရုံနဲ့တော့ မရဘူးကွဲ့၊  ကုသိုလ်ပြုမှ ရတယ်၊ ကလေးများရဲ့ ဩကာသ ကန်တော့ခန်း ဆုတောင်းမှာ “အပါယ်လေးပါး, ကပ်သုံးပါး, ရပ်ပြစ်ရှစ်ပါး, ရန်သူမျိုး ငါးပါး, ဝိပတ္တိတရားလေးပါး, ဗျသနတရားငါးပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍” လို့ ဆုတောင်းတယ် မဟုတ်လား။

တပည့်များ။        ။တောင်းပါတယ်ဆရာ။

ဆရာ။     ။ အဲဒီ ဆုတောင်းတဲ့သူဟာ “သူ့အသက်သတ်, သူ့ဥစ္စာခိုး” ဆိုတဲ့ မကောင်းတာတွေ လုပ်နေလျှင်အပါယ်လေးပါးက လွတ်မလား။ အဒိန္နာဒါန အပြစ်ထဲမှာ ရန်သူမျိုး ငါးပါး ပါတယ်၊ သူ့ဥစ္စာခိုးနေတဲ့သူဟာ “ရန်သူမျိုးငါးပါးမှ လွတ်ရပါလို၏” လို့ဆုတောင်းရုံနဲ့ လွတ်မလား။

တပည့်များ။        ။ လွတ်မှာမဟုတ်ဘူးဆရာ။

ဆရာ။     ။ အေး, ဆုတောင်းဆိုတာ ကိုယ်လိုချင်တာကို နှုတ်ကထုတ်ပြောတာပဲ၊ ဆုတောင်းရုံ နဲ့တော့ မပြီးဘူး၊ မကောင်းမှု ဒုစရိုက်တွေကိုရှောင်ပြီး ကုသိုလ်ကောင်းမှုတွေလုပ်နေသူမှသာ ဆုတောင်း အတိုင်းအပါယ်လေးပါးစသည်မှလွတ်ပြီး နိဗ္ဗာန်ကို မြန်မြန်သိမယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုတာလဲ နိဗ္ဗာန်ကို မျက်စိနဲမြင်သလောက် သိနိုင်မြင်နိုင်တဲ့ဉာဏ်တွေပဲကွဲ့။


ကိုင်း ကိုင်း, ဩကာသစသော ကန်တော့ခန်းနဲ့စပ်ပြီးကန်တော့လို့ အပြစ်တစ်ချို့ ပြေနိုင်တာလဲ သိကြပြီ၊ အပါယ်လေးပါး ကပ်သုံးပါး, ရန်သူမျိုးငါးပါးလဲ သိကြပြီ၊ “မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျင်မြန်စွာ ရပါလို၏” ဟုဆုတောင်းရပုံကိုလဲသိကြပြီ၊ ကျန်သိစရာတွေကို အထက်တန်းအတွက် ချန်ပြီးတော့ဤဒုတိယတန်း၌ ကလေးများသိပြီးတွေကို ပေါင်းရုံး၍ နိဂုံးချုပ်ကြစို့။

(အသံ ခတ်ဆတ်ဆတ်နှင့် ဆရာက တိုင်ပေးပါ။)

ဘုရား တရား သံဃာများ၏,
ကိုးပါး ခြောက်ပါး ဂုဏ်တော်တွေ၊
ငါးပါးပဉ္စသီပြစ်အကျိုးကို,
သိ၍ တိုးလို့ ရွတ်ပါလေ။

ကုသိုလ်ပြုလျှင် မမေ့ကောင်းတဲ့,
ဆုတောင်းသမျှ ဣဒံ မေ၊
ဖတ်ဖို့စာတွေ အကုန်ဖတ်လို့,
လူကောင်း စာတတ် ဖြစ်ကြစေ။

လေ့ကျင့်ရန်မေးခွန်းများ

(က) ဘုရားဂုဏ်တော်ပါဠိကို ရွတ်၍ ဂုဏ်တော်ကိုးပါးကို ရေတွက်ပြပါ။
(ခ) တရားဂုဏ်တော်ပါဠိကို ရွတ်၍ ဂုဏ်တော်ခြောက်ပါးကို ရေတွက်ပြပါ။
(ဂ) သံဃာ့ဂုဏ်တော်ပါဠိကို ရွတ်၍ အရိယာသံဃာတော်၏ ဂုဏ်တော်ကိုးပါးကို ရေတွက်ပြပါ။
(ဃ) ဣဒံ မေ ပုညံ ဆုတောင်းပါဠိကို ရွတ်၍ မြန်မာလိုပြောပြပါ။
(င) “အဟံ ဘန္တေ”ုံကစပြီး ငါးပါးသီလ ခံယူပြပါ။
(စ) ဘယ်လိုအမြင်(အယူ)ကို သမ္မာဒိဋ္ဌိ, မိစ္ဆာဒိဋ္ဌိဟုခေါ်သနည်း။

(ဆ) “နောက်ဘဝရှိ၏” ဟုယူလျှင် သမ္မာလား, မိစ္ဆာလား။
[“ကုသိုလ် အကုသိုလ်၏ကောင်းကျိုး မကောင်းကျိုး ရှိ၏ ” ဟုယူလျှင် စသည်ဖြင့်မေးပါ။]
(ဇ) သမ္မာဒိဋ္ဌိ (အယူမှန်) ရှိသူတိုင်း လူကောင်းဖြစ်နိုင်မလား၊ အယူမှန်ပါလျက် မတရား မမျှတ ပြုကျင့်နေလျှင် လူကောင်း=သူတော်ကောင်းဖြစ်နိုင်ပါ့မလား။
(ဈ) ဒုစရိုက်သုံးပါး, သုစရိုက်သုံးပါးကို ရေတွက်ပြပါ။
(ည) ဒုစရိုက် ပြုနေသူမှာ ဒီဘဝ၌ ဘယ်အပြစ်ရတတ်သနည်း။
(ဋ) သုစရိုက် ပြုနေသူမှာ ဒီဘဝ၌ ဘယ်အကျိုးရတတ်သနည်း။
(ဌ) သူ့ကျေးဇူး မသိတတ်သူ, ဆပ်နိုင်လျက် ကျေးဇူးမဆပ်သူကို သူတော်ကောင်း ခေါ်မလား, သူယုတ်မာခေါ်မလား။
[သိတတ်သူ, ဆပ်သူကိုလည်းမေးပါ။]
(ဍ) မိဘကျေးဇူးကို သိသမျှပြောစမ်းပါ။

(ဎ) ဆရာမိဘစသူနှင့် ရတနာသုံးပါးကို စော်ကားမိ၍ အပြစ်ရှိမှန်းမသိသူ, သိလျက် ကန်တော့ တောင်းပန်ခြင်း မပြုသူကို ဗာလ ဆိုမလား, ပဏ္ဍိတဆိုမလား။
[သိသူ ကန်တော့သူကိုလည်းမေး။]
(ဏ) အပြစ်ကျေဖို့ရန် တောင်းပန်လာသောအခါ မကျေနိုင်သူကို ဗာလဆိုမလား, ပဏ္ဍိတ ဆိုမလား။
[ကျေနိုင်သူကိုလည်းမေး]
(တ) လူသတ္တဝါတွေကို တိရစ္ဆာန်များထက် ကိုယ်ကျင့် ထူးခြားအောင် အဘယ်တရားများက ထိန်းထား သနည်း။
(ထ) ပါဏာတိပါတ၏ အပြစ်အကျိုးပြလင်္ကာကိုရွတ်ပြ၍ အပြစ်ကို ရေတွက်ပါ။
[အဒိန္နာဒါနစသည်၏ အပြစ်အကျိုးကိုလည်းမေးပါ။]
(ဒ) ဒုတိယတန်း၌ အချုပ်မှတ်စရာများကို ပြ၍ကဗျာကလေးကိုလည်း ဆိုပြပါ။

ဒုတိယတန်းဖတ်စာပြီး၏။

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...