ပရမတ္ထသစ္စာသည်လည်း…
၁။ သဘာဝ သစ္စာ,
၂။အရိယသစ္စာဟူ၍နှစ်ပါးရှိ၏၊
ထိုနှစ်ပါးတို့တွင်-
သဘာဝသစ္စာဆိုသည်ကား…..ကောင်းသော ချမ်းသာကို
ပေးတတ်သောသဘာဝကြောင့် ကုသိုလ်ဆိုရ သော တရားသည်ရှိ၏၊
ချမ်းသာစွာခံစားမှုသဘာဝကြောင့် သုခဝေဒနာခေါ်ရသော ဝေဒနာ
ကောင်းသည်လည်းရှိ၏၊ ဤကား-သဘာဝ သစ္စာပေတည်း။
မကောင်းကျိုးကို ပေးသောသဘာဝကြောင့် အကုသိုလ်ဆိုရသောတရား သည်ရှိ၏၊ ဆင်းရဲစွာခံစားမှု သဘာဝကြောင့် ဒုက္ခဝေဒနာခေါ်ရသော ဝေဒနာဆိုးသည်
လည်းရှိ၏၊ ဤသို့ သဘာဝခြင်း ခြားနားလျက် ရှိနေသောကြောင့် ကုသလ,
အကုသလဟူ၍ နှစ်မျိုးခေါ်ရပြန်၏၊ ဤသို့သဘာဝနှစ်ပါး ခြားနား
ခေါ်ရပြန်၏။
အရိယာသစ္စဆိုသည်ကား....
အဘယ်အခါမှာမှ သဘာဝေ၀ါဟာရအားဖြင့် လှုပ်ရှား(ပြောင်းလဲ)ခြင်းမရှိသောကြောင့် အရိယသစ္စာ ဆိုပေ
သတည်း။
လှုပ်ရှားခြင်းမရှိပုံကား.....
သဘာဝသစ္စာ၌ လောကီကုသိုလ် တစ်ဆဲ့ခုနစ်ခုသည် ကောင်းသောအကျိုးကို ပေးတတ်သည်
ဟုဆို၏၊ အရိယသစ္စာသို့ ရောက်သည်ရှိသော် ထိုလောကီကုသိုလ်
တစ်ဆဲ့ခုနစ်ခုသည်ဖြစ်, ချုပ်တတ်သော မကောင်းသောတရားမျိုး
ဖြစ်သောကြောင့် ဒုက္ခသစ္စာဖြစ်ရပြန်၏၊
ထိုကုသိုလ်တို့၏ အကျိုးဖြစ်သော ကုသလ၀ိပါက် တရားများသည်လည်း ဒုက္ခသစ္စာ ဖြစ်ရပြန်၏၊
ထိုကုသိုလ်တို့၏အကျိုးဖြစ်သော ကုသလ၀ိပါက်တရားသည်လည်း
ဒုက္ခသစ္စာဖြစ်ရပြန်၏၊ မကောင်းသောသစ္စာ, မကောင်းသောတရား,
မချမ်းသာသော တရားများဟူ၍ဆိုလို၏။
အဘယ်ကြောင့် မကောင်းသနည်း, မချမ်းသနည်း, မချမ်းသာသနည်းဆိုသော်-
ကိလေသာတရားတို့၏ စားဖတ်, ၀ါးဖတ် သုံးသပ်
နင်းနယ်ရာ အာရုံတရားများ ဖြစ်သောကြောင့်၎င်း, လောဘမီး, ဒေါသမီး,
မောဟမီးအစရှိသော မီးတစ်ဆဲ့တစ်ပါးတို့၏ တောက်လောင်ရာ မီးစာ
တရားများဖြစ်လေသောကြောင့်၎င်းင်းတည်း။
ဤသို့လျှင် သဘာဝသစ္စာသည် အရိယသစ်္စာကို ထောက်သော်
လှုပ်ရှားခြင်းရှိ၏၊
အရိယသစ္စာမူကား- အသင်္ခတဖြစ်သော နိဗ္ဗာန်သည်
သာလျှင် ကောင်းကျိုးချမ်းသာအမှန်ဖြစ်၏၊ နိဗ္ဗာန်သို့ရောက်စေတတ်
သော လောကုတ္တရာ မဂ်္ဂင်ရှစ်ပါးသည်သာလျှင် ကောင်းကျိုးချမ်းသာကို
ပေးတတ်သော တရားဖြစ်၏၊ ဤ၌နိဗ္ဗာန်ကို ကောင်းကျိုးချမ်းသာ
ဆိုခြင်းသည် လှုပ်ရှားခြင်းမရှိ၊ အခါခပ်သိမ်းမြဲ၏၊ မြဲသောကောင်း
ကျိုးချမ်းသာကို ပေးတတ်သောကြောင့် မဂ်္ဂင်ရှစ်ပါးသည် ကောင်းကျိုး
ချမ်းသာကို ပေးတတ်သောတရားအမှန်ဖြစ်၏၊ လှုပ်ရှားခြင်းမရှိ၊
ထို့ကြောင့် အရိယာသစ္စာခေါ်ပေသတည်း။
(လယ်တီဆရာတော်ကြီး၏ နိုင်ငံတွင်းပုစ္ဆာပေါင်းချုပ်မှ) ဝေငှပါသည်။