Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

♣ ချဉ်ပေါင်ဖူးဘွဲ့♣ (ဘကြီးတော်ဘုရားလက်ထက် ဦးဆောင်းဆို လွမ်းချင်း)

$
0
0
 
အမည်ရယ်ကြီးပါတဲ့၊ ဇနီးရယ်ပျော်လို၊
ဖျဉ်းနားတိုတွင်၊ ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်၊
ငါးလူးငယ်မျှင်မျှင်၊ ကြေးမသင် ရေလုံပြုတ်ပါလို့၊
အင်ကုပ်ကယ်ကျယ်ကျယ်နှင့်၊ မင်းဖွယ်စိုးရလောက်လေး..။

လယ်ထွန်ပြန်တွင်၊ နွားကန်ပစ်ချ၊
ဆာမွတ်ချိန်ကျသောကြောင့်၊ ဆံစလိပ်ခွေ၊
ဖားလျားဝေနှင့်၊ အိမ်နေသူ့သက်ပန်၊
ချက်ပြောင်းဆန်ကို၊ တစ်ပန်းကန် ကုန်အောင်၊
တက်တက်သာပြောင်တော့၊ ကိုတောင်သူ့အနေ၊
ဗိုက်ဝမ်းရေ ပတ်လည်ကျရယ်နှင့်၊ ယဉ်လှတယ်လေး...။

မြန်မာစာညွန့်ပေါင်းကျမ်း ဒုတိယတွဲ နှာ-၁၈၄ မှ

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...