Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

သာသနာသန့်ရှင်းရေး

$
0
0


မြန်မာစကားလုံး သုံးထားတာက 'သာသနာသန့်ရှင်းရေး' သုံးထားတယ်။

ဒီစကားက သိပ်ပြီးမှားတယ်။


သာသနာက သူ့ဟာသူ သန့်ရှင်းနေတာ။

ဘာမှဖြစ်တာမဟုတ်ဘူး။

လူတွေမကောင်းလို့၊ လူတွေက ညစ်ပတ်လို့၊

လူမသန့်ရှင်းဘူး၊ လူညစ်ပတ်တယ်။

ရဟန်းညစ်ပတ်တယ်။ ရဟန်းမသန့်ရှင်းဘူး။

သာမဏေ ညစ်ပတ်တယ်။ သာမဏေ မသန့်ရှင်းဘူး။



ရဟန်းသန့်ရှင်းအောင်၊ သာမဏေသန့်ရှင်းအောင်၊ သံဃာသန့်ရှင်းအောင်၊

လူသန့်ရှင်းအောင်၊ ပုဂ္ဂိုလ်တွေ သန့်ရှင်းအောင်လုပ်ဖို့ကောင်းတယ်။

သာသနာသန့်ရှင်းအောင် လုပ်ဖို့မလိုဘူး။

သာသနာဟာ အပြစ်မရှိဘဲ သာသနာသန့်ရှင်းအောင် လုပ်ရမလား။

ဒီလို စိတ်က တွေးမိတယ်။


သာသနာဟာ အပြစ်မဟုတ်ဘဲနဲ့ သာသနာကို အပြစ်တင်ပြီးတော့

သာသနာညစ်နွမ်းတယ်လို့ ပြောနေကြတယ်။

ဘုရားရှင် လက်ထက်ကလည်း ဒီသာသနာပဲ၊ ခုလည်း ဒီသာသနာပဲ။

ဒီ သာသနာဟာ ဘာမှဖြစ်မသွားပါဘူး။

သူ့ဟာသူ သာသနာပဲ။


သာသနာမှီပြီးတော့

သာသနာနည်းလမ်းအတိုင်း မလိုက်တဲ့ ပုဂ္ဂိုလ်တွေက ညစ်နွမ်းပြီးနေတယ်။

မသန့်ရှင်းဘဲဖြစ်ပြီးတော့ နေတယ်။


သူတို့ကိုသာ

သန့်ရှင်းအောင်၊ စင်ကြယ်အောင် လုပ်ဖို့ရှိတာပဲ အောက်မေ့တယ်။


(ကျေးဇူးတော်ရှင် စံကင်းဆရာတော်ဘုရားကြီး)
~~~~~~~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ - ၈၄) မှ
ကောက်နုတ်ပူဇော်ပါသည်။

Dhamma Dãna Source : ထေရဝါဒ ရနံ့ -

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...