Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

သဒ္ဓါတရားရဲ့ စွမ်းအား

$
0
0



စိတ်ကို ညစ်ပေသွားစေတဲ့ အရာတွေကတော့ ဘာတွေလဲဆိုတော့ ကာမစ္ဆန္ဒ ပါ ။
ကာမ-လိုချင်စရာ အာရုံတွေကို စိတ်ဝင်စားပြီးတော့ ၊
ဆန္ဒ -လိုချင်တဲ့တဏှာ ဖြစ်နေတာကို ခေါ်ပါတယ် ။လိုချင်စရာအာရုံတွေက ဘာတွေလဲဆိုတော့ မျက်စိနဲ့မြင်လိုကရတဲ့အာရုံ ၊ နားနဲ့ကြားလို့ရတဲ့အာရုံ စသည်တွေပေါ့ ။

ဒါတွေဟာလိုချင်စရာတွေဖြစ်တဲ့အပြင် အာရုံတွေနဲ့ စိတ်ကိုနှောင်ဖွဲ့ထားလို့
"ကာမဂုဏ" လို့ခေါ်တာနော် ။" ကာမ" ဆိုတာဟာ လိုချင်စရာ ၊ "ဂုဏ" ဆိုတာ အနှောင်အဖွဲ့လို့ အဓိပ္ပါယ်ရပါတယ်။ သာမာန်နဲ့ ရုန်းထွက်ပြီးတော့ မသွားနိုင်ဘူး ။


မျက်စိနဲ့လည်း လှပတာကြည့်ချင်တယ် ၊ နားနဲ့လည်း သာယာတဲ့အသံကို
နားထောင်ချင်တယ် စသည်ပေါ့ ။ ဒါတွေကို သာမာန်နဲ့ ဖယ်ရှားပစ်နိုင်စွမ်း မရှိဘူးတဲ့ ။အဲဒီလို ကာမစ္ဆန္ဒရှိနေတဲ့ လိုချင်စရာအာရုံတွေပေါ်မှာ စိတ်ဆန္ဒပြင်းပြနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စိတ်ဟာ ကြည်နေတာမျိုးမဖြစ်ဘူး ။



ကာမစ္ဆန္ဒတွေ လွှမ်းမိုးနေတဲ့အတွက် ထိုပုဂ္ဂိုလ်ဟာ တရားထူးမရနိုင်ဘူး ၊ ထူးခြားတဲ့အသိဉာဏ် မဖြစ်ပေါ်နိုင်ပါဘူး။ အဲဒါကြောင့် နီဝရဏတရား လို့ခေါ်ပါတယ် ။ 

ကာမစ္ဆန္ဒကို ဖယ်ရှားပစ်ရမယ် ။ ဖယ်ရှားပစ်နိုင်တာကတော့ သဒ္ဓါတရားပါ။ သဒ္ဓါတရားလေး ပေါ်ပေါက်လာ
တာနဲ့တပြိုင်နက် ဟောဒီ ကာမစ္ဆန္ဒဆိုတဲ့ ပျော်စရာအာရုံတွေအပေါ်မှာ စိတ်ဝင်စားနေတာတွေ ပျောက်သွားပါတယ် ။


ပျော်စရာအာရုံတွေနဲ့ မပျော်တော့ဘဲ တရားနာမယ် ၊ ဓမ္မ အသိဉာဏ်တွေကို ရအောင်လုပ်မယ်ဆိုပြီး စိတ်ဝင်စားမှုတွေဟာတစ်မျိုးပြောင်းသွားပါတယ် ။ အဲဒါဟာ သဒ္ဓါတရားရဲ့ စွမ်းအားကြောင့်ပါ ။ 



♣ ဒေါက်တာနန္ဒမာလာဘိဝံသ- မြတ်သောဥစ္စာစုဆောင်းပါ တရားတော်မှ ။


Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...