Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

သေချာသိလို့ပါ...တဲ့

$
0
0

သမီးလေးတစ်ယောက်ဟာ သူ့ဖခင်နဲ့ အတူ တံတားလေး တစ်ခုကို ဖြတ်ကူးသတဲ့ ..။


ဖခင်ဖြစ်သူဟာ သူ့သမီးလေး ကြောက်မှာ စိုးတာနဲ့ ...
"သမီးလေး .. ဖေဖေ့လက်ကိုကိုင်ထား ... ဒါမှ ချော်မကျမှာ" လို့ပြောတယ် ...။

အဲဒီ့မှာ သမီးလေးက "မကိုင်ဘူးဖေဖေ ... ဖေဖေပဲ သမီးလက်ကိုကိုင်ထားပေးပါ" လို့ ပြန်ပြောတယ် ...။

ဖခင်လုပ်သူက နည်းနည်း စဉ်းစားရကြပ်သွားပြီးတော့ "ဒါက ဘာများကွာမှာမို့လို့လဲ သမီးရဲ့" လို့မေးသတဲ့ ...။

သမီးလေး ပြန်ဖြေတာက ...

"အကြီးကြီးကို ကွာတာပေါ့ ဖေဖေရယ် ...
သမီးသာ ဖေဖေ့လက်ကို ကိုင်ထားရင် တခုခုဖြစ်တာနဲ့ ကြောက်လန့်ပြီး လွှတ်ရင် လွှတ်ချမိမှာ
တကယ်လို့ ဖေဖေသာ သမီးလက်ကို ကိုင်ထားရင်
ဘာတွေဘယ်လိုပဲဖြစ်ဖြစ် သမီးရဲ့လက်ကို လွှတ်မှာမဟုတ်ဘူးဆိုတာ သမီးသေချာသိလို့ပါ ဖေဖေ ...." တဲ့ ....။


Facebook မှာတွေ့လို့ ဝေငှလိုက်ပါတယ်။

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...