အဘိဓမ္မာအလို "ဖဿ ပစ္စယာ ဝေဒနာ ''ဖဿကြောင့်ဟု သိရ၏။ သုတ္တန်အလို အကြောင်းရှစ်မျိုးကြောင့် ဖြစ်ကြောင်း သီဝကသုတ် (သံ-၂၊ ၄၂၈။)နှင့် ဂိရိမာနန္ဒသုတ် (အံ-၃၊ ၃၄၂- ဒသက)တို့၌ ဟောတော်မူ၏။ ရှစ်မျိုးတို့ကား.......
၁။ ၂။ ၃။ လေ၊ သည်းခြေ ၊ သလိပ် ဒေါသ(အပြစ်)သုံးပါး တစ်ပါးပါးကြောင့်၊
၎။ ထိုသုံးမျိုး ပေါင်းဆုံခြင်း (ဒွေးဝန်း , သန္နိပါတ်ကြောင့်) ၊
၅။ ဥတု မမျှတခြင်းကြောင့်၊
၆။ ဣရိယာပုထ် အနေအထိုင် မမျှတခြင်းကြောင့်၊
၇။ သူတစ်ပါးလုံ့လ ထိခိုက်ဒဏ်ရာကြောင့်၊
၈။ ကံကြောင့်။
ကပ်ကြီး ၃ပါး ဆိုက်ရောက်ပုံကို ပြရာတွင်ကား မောဟ(စားမှု နေမှု နမော် နမဲ့လုပ်ခြင်း)
ကြောင့် ရောဂန္တရကပ် ဆိုက်ရောက်ရသည်ဟု ဆိုသည်။ သဘောအချုပ်ကိုကြည့်လျှင် မှန်လှပါပေ၏။
သွေးတိုး ဆီးချို လေငန်း ပန်းနာ တီဘီစသည်ဖြင့် ရောဂါအမည်တွေများလှသော်လည်း
"အရင်းစစ်၊ အမြစ်မြေက''ဆိုသကဲ့သို့ အကြောင်းအရင်းမှာ တစ်ခုတည်းသာဖြစ်သည်။
မောဟ စသောကိလေသာတို့ကြောင့်ချည်း ရောဂါဝေဒနာ ဖြစ်ကြရလေသည်။ (လူအများ နေ့စဉ်နှင့်အမျှ လောဘဇောလောင်ပုံ၊ မနာလိုဝန်တို မီးလောင်ပုံ ဒေါသ မီး
လောင်ပုံတို့ကို ချဲ့ထွင်ကြည့်ပါ။ ကိလေသာနာချည်းဖြစ်ကြောင်း သဘောပေါက်လာပါ
လိမ့်မည်။
(ဓမ္မာစရိယ ဦးဌေးလှိုင်၏ သီဟိုဠ်ခေတ် စံတော်ဝင်အရိယာများ စာအုပ်မှ ကူးယူဖေါ်ပြ
အပ်ပါသည်။)