$ 0 0 ပန်းကံ့ကော် ကြိုင်သင်းလို့၊ထိန်လင်းတဲ့ရာသီ။ထေရ်ဆရာ ခြေတော်ရင်းမှာလ ဝပ်စင်းကာဦးညွှတ်၊ ဝဋ်လွတ်ဖို့ရည်။ဆရာနှင့်ဒကာ၊မေတ္တာယှဉ် လက်တွဲ။ဝေးရပ်ရွာနှင့် နီးရပ်ရွာညီညာလို့ကျောင်းတော်မှာ လူမစဲ ကျောင်းတက်တဲ့ပွဲ။ (**စပ်မိစပ်ရာ ကိုယ်တိုင်စပ်ပါ**)ရပ်ရွာတွေမှာ ပတ်ဝန်းကျင်ရွာ အချင်းချင်း အပြန်အလှန် သူ့ရွာ ကိုယ့်ရွာ ရက်သတ်မှတ်ပြီး အလှည့်ကျ ဆရာတော် ကန်တော့တဲ့ဓလေ့တစ်ခုရှိပါတယ်။ ကျောင်းတက်ပွဲလို့ ခေါ်ပါတယ်။ကိုယ်ရွာက ဆရာတော်ကို အခြားရွာက ကန်တော့လာတဲ့အချိန်မှာ ပရိတ်သတ်ဘယ်လောက်များများ ဟာကွက်မရှိအောင် ကျွေးမွေးဧည့်ခံလေ့ရှိကြပါတယ်။ဒီလိုချစ်စရာဓလေ့လေးတွေကြောင့် တစ်ရွာနဲ့တစ်ရွာ ရင်းနှီးချစ်ခင်ပြီး ညီညွတ်တဲ့စိတ်ဓာတ်တွေရစေတာပါ။ပုံမှာပြထားတာက ရွာဦးကျောင်းဆရာတော်ကို လာကန်တော့ကြတဲ့ အခြားရွာက ဧည့်သည်တွေအတွက် ရွာခံကာလသား ကာလသမီးများကစားစရာသောက်စရာများကို ကျောင်တော်ကြီးဆီသို့ အတီးမှုတ် အကအခုံတွေနဲ့ လာပို့ကြတဲ့ပုံပါ။ဒီလိုဓလေ့တွေရှိတဲ့ မြန်မာပြည် ဘယ်လောက်ကြည်နူးဖွယ်ကောင်းသလဲ။ မပျောက်အောင် ထိန်းသိမ်းဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။