နည်းလမ်းကို မကြံစည်သူဟာ အကျိုးထူးကို မရနိုင်ဘူး။
နာစိန္တယန္တော ပုရိသော, ဝိသေသမဓိဂစ္ဆတိ၊(ဇာတက-၁, ၂၇)
နာစိန္တယန္တော ပုရိသော, ဝိသေသမဓိဂစ္ဆတိ၊(ဇာတက-၁, ၂၇)
*****
ယောက်ျားမှန်က ကြိုးစားရာ၏၊ ပညာရှိ မပျင်းမရိရာ။
ဝါယမေထေဝ ပုရိသော,
န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော၊(ဇာတက-၁၊ ၂၉)
ဝါယမေထေဝ ပုရိသော,
န နိဗ္ဗိန္ဒေယျ ပဏ္ဍိတော၊(ဇာတက-၁၊ ၂၉)
*****
လူယုတ်မာကို ပေါင်းသင်းသူဟာ
အမြဲတမ်း မချမ်းမြေ့ရဘူး။
န ပါပဇနသံသေဝီ, အစ္စန္တသုခမေဓတိ။ (ဇာတက-၁၊ ၃၃)
အမြဲတမ်း မချမ်းမြေ့ရဘူး။
န ပါပဇနသံသေဝီ, အစ္စန္တသုခမေဓတိ။ (ဇာတက-၁၊ ၃၃)
*****
ယုတ်မာသူကို ချီးမြှောက်
ယုတ်မာသူကို ချဉ်းကပ်မှီဝဲသူဟာ
သူ ချီးမြှောက်ထားတဲ့ ယုတ်မာသူရဲ့
ညှဉ်းဆဲ ဖျက်ဆီးမှုကို ခံရတတ်တယ်။
ဥပမာ--- သဉ္ဇီဝက လုလင်က အသက်သွင်းလိုက်တဲ့ (သေပြီးတဲ့)ကျားဟာသဉ္ဇီဝက လုလင်ကို ပြန်ပြီး သတ်ဖြတ်လိုက်သလိုပဲ။
အသန္တံ ယော ပဂ္ဂဏှာတိ,

အသန္တံ စူပသေဝတိ၊
တမေဝ ဃာသံ ကုရုတေ,
ဗျဂ္ဃေါ သဉ္ဇီဝကော ယထာ။( ဇာတက-၁, ၃၅ )
*****
အကောင်းအဆိုး မစူးစမ်း မဆင်ခြင်ဘဲ
အဆောတလျင် ပြုလိုက်တဲ့ အလုပ်ဟာ
လုပ်လိုက်တဲ့သူကို ပူပန် ဆင်းရဲစေတယ်။
ဥပမာ... ပူလောင်တဲ့အစာလား
အေးတဲ့အစာလားလို့ မစူးစမ်း မဆင်ခြင်ဘဲ
ပူလောင်တဲ့အစာကို အရင်စလို စားမျိုမိရင် ပါးစပ်, လည်ချောင်း, ဝမ်းတွေကို
လောင်စေသလိုပဲ။
‘‘အသမေက္ခိတကမ္မန္တံ,

တုရိတာဘိနိပါတိနံ၊
သာနိ ကမ္မာနိ တပ္ပေန္တိ,
သာနိ ကမ္မာနိ တပ္ပေန္တိ,
ဥဏှံဝဇ္ဈောဟိတံ မုခေ’’( ဇာတက-၁, ၃၆ )
*****
ပျက်စီးဖို့အချိန် အသက်ကုန်ဖို့ အချိန် ရောက်လာတဲ့အခါ
ကိုယ့်ကို ထောင်ခြောက်ဆင်ထားတဲ့
ပိုက်ကွန် ကျော့ကွင်းထဲ ရောက်နေတာတောင် မသိဘူး။
ယဒါ ပရာဘဝေါ ဟောတိ,
ကိုယ့်ကို ထောင်ခြောက်ဆင်ထားတဲ့
ပိုက်ကွန် ကျော့ကွင်းထဲ ရောက်နေတာတောင် မသိဘူး။
ယဒါ ပရာဘဝေါ ဟောတိ,
ပေါသော ဇီဝိတသင်္ခယေ၊
အထ ဇာလဉ္စ ပါသဉ္စ,
အထ ဇာလဉ္စ ပါသဉ္စ,
အာသဇ္ဇာပိ န ဗုဇ္ဈတီတိ။ ( ဇာတက-၁, ၄၁ )