ကန်တစ်ဖက်ဆီက
ညဏ်သက်ကာ ဘ၀င်ကြည်ခဲ့ပေါ့
လွင်နီနီ ကြာပွင့်ဖူးငယ်တို့ 
ကန်အနေ ရေသင်ဖြူးမှာလ
နူးညံ့စွာ ဣနြေ္ဒဆင်၍
ရွှင်လေသည် ရေကသိုဏ်းရယ်နဲ့ 
ကိုင်းညွှတ်၍ နေကြရှာ။
ကန်ပေါင်ရိုး
ပင်မျိုး ညိုထိုထိုမှ
ပင်ကုက္ကို ဆိုတဲ့ပန်းတွေက
ရေနန်းစံ ကြာတစ်ဖော်သို့ 
တော်ပေသည် ငါ့ရှင်များပါတဲ့
စကား လေပမာက
ရေနံ့ သာ မြတစ်ခဲဆီသို့ 
ဝဲပျံကျကာ။
အရိပ်စိမ်းငယ်တို့ 
ညိတ်ယိမ်း ရောင်ပြန်နဲ့ 
သည်ကြာကန် သည်စခန်းမှာလ
သည်ပန်း နီလွင်လွင်တို့ 
တစ်ထည်ဆင် တင်ခြယ် သ ကာပေါ့
သည်လောက စကားထာ
ဖော်ရှာကြလေသလား။
သူတို့ နဲ့ သာပေါ့
ဇော်လဲ သည်ကန်ပေါင်က
ဖော်နိုင်အောင် ဥာဏ်ဝင်စားချင်လို့ 
မန်အားကို တမျှော်မျှော်နဲ့ 
တယော်ယော် ယော်တ ယမ်းကာပါ့
တနွမ်း တခွေခွေနဲ့ 
အထွေထွေ တွေလို့ စောမိရဲ့
ကြာတော့ နီပြေပြေက
သည်လေပြေ သုန်လို့ ညင်းခါမှ
ဂျီဖေမှာ မှုန်မလင်းသော်လဲ
သင်းခဲ့သည်တကား။ ။
ဇော်ဂျီ
ဂန္ထလောက၊ အတွဲ ၁၈၊ ဇူလိုင် ၁၉၃၃
ပန်းချီဆရာ အမည်မသိပါ
Myanmar Art and Craftsမှ - ကူးယူဖော်ပြပါသည်။