Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

သြော်.........ဆရာ

$
0
0

ဆရာက ဥယျာဉ်မှူးဆိုတော့
တပည့်က ပန်းကလေးဖြစ်ခွင့်ရတာပေါ့။

ဆရာက မိုးကောင်းကင်ဆိုတော့
တပည့်က ကြယ်ကလေး ဖြစ်ခွင့်ရတာပေါ့။

ဆရာက ပင်လယ်ပြင်ဆိုတော့
တပည့်က လှိုင်းကလေးဖြစ်ခွင့်ရတာပေါ့

ဆရာက ဓားသွေးကျောက်ဆိုတော့
တပည့်က ဓားကလေး ဖြစ်ခွင့်ရတာပေါ့။

ဆရာက မေတ္တာကန်ဆိုတော့
တပည့်က ကြာပန်းလေး ဖြစ်ခွင့်ရတာပေါ့။

ဆရာဟာ တပည့်ရဲ့ ရေသောက်မြစ်ပါ
ဒီအသက် ဒီအရွယ်အထိ တပည့်ရဲ့ ဘဝမှာ
ကြာပန်းလေးလိုလှပ၊ ဓားကလေးလို ထက်မြက်
လှိုင်းကလေးလိုလူးလွန့်၊ ကြယ်ကလေးလို လင်းလက်
ပန်းကလေးလို မွှေးမြပြီး လောကကြီးအလယ်မှာ
တင့်တင့်တယ်တယ်နဲ့ ထည်ထည်ဝါဝါနေနိုင်တာ
ငယ်စဉ်က ဆရာသင်ပေးခဲ့တဲ့ ပညာတွေကြောင့်ပါ။

ကျေးဇူးတော်ကြီးမားလှပါတယ်။
ဟို ငယ်ငယ်တုန်းက ကျောက်သင်ပုန်ပေါ်မှာ ဆရာသင်ပေးခဲ့တဲ့
"ဝ" လုံးလေးတွေ တပည့်တသက် ဒီနေ့ဒီအချိန်ထိ အသုံးချလို့ကို
မကုန်နိုင်သေးပါဘူး ဆရာ။

(အရှင်သီရိကဉ္စနာဘိဝံသ၏ လူ့ဘဝဇာတ်ခံပေါ်က သရုပ်ဆောင်များမှ)

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...