မယ်ကိုယ်တိုင်လုပ်ခဲ့
ပိပုတ်တဲ့ ဆားနယ်
ကောင်လုံးထယ်ကို
အိုးလယ်တို ရွှေစဥ့်လူးရယ်နှင့်
နှစ်ကူးကာ လတွေများအောင်လို့
တို့အိမ်အို စားဖိုနားမှာတော့
ထားခဲ့တယ်လေး ။ ။
ပိပုတ်တဲ့ ဆားနယ်
ကောင်လုံးထယ်ကို
အိုးလယ်တို ရွှေစဥ့်လူးရယ်နှင့်
နှစ်ကူးကာ လတွေများအောင်လို့
တို့အိမ်အို စားဖိုနားမှာတော့
ထားခဲ့တယ်လေး ။ ။
မြို့ ဒဂုန်
ခရီးသွား လူကြုံလို့
ဆီတစ်ဖုံ ငရုတ်ထောင်းရယ်နှင့်
ပလောခြောက် အမှုန့်လောင်းပါတဲ့
ငါးပိကောင်း ငါးခူကောင်ကို
ဘေးအတောင် ရိုးထွင်နုတ်ကာပ
တကုပ်ကုပ် စားဖိုလယ်တွင်
စီစဉ်ကာ ကိုယ်တိုင်ကြော်၍
စိန်ဂျွန်းပျော် သားမောင်စားစေဖို့
မယ်တစ်ပါး မင်းမာတာ
စေတနာ အန္တရာယ်နှင့်
တောဌာန အရပ်ဝေးဆီက
(လူလေးရေ) ပေးလိုက်တယ်လေး ။ ။
မင်းသုဝဏ်
(၅၊ ၄၊ ၂၇)
ပန်းချီ ပေါ်ဦးသက်
facebook မှ