Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

အနာဂတ်သာသနာရေး အပိုင်း(၁၀၃) နိဂြောဓသာမဏေ

$
0
0


နိဂြောဓသာမဏေ

ထိုသို့ မကြာခဏ စဉ်းစားမိလေရာ တစ်နေ့သောအခါဝယ်… နန်းတော် မြေလမ်း၌ သွားလာနေသော လူအများတွင် စက္ခုနြေ္ဒချလျက် ဦးခေါင်း လက်တို့ မလှုပ်မယှက် ငြိမ်သက်စွာ ကြွသွားနေသော ကိုရင်ကလေးကို နန်းတော်ပေါ်မှ လှမ်းမျှော်ကြည့်မိလေရာ လွန်စွာကြည်ညိုခြင်းဖြင့် စဉ်းစားသည်မှာ…
အခြားလူတွေ သွားလာကြသည်မှာ မငြိမ်မသက် ဣနြေ္ဒမရ ရှိလှ၏၊ ဤသာမဏေသွားပုံသည် ငြိမ်သက် တည်ကြည်၏၊ သူ့သန္တာန်မှာ ထူးခြားသောတရား ရှိပေလိမ့်မည်တွေးကာ ကြည့်ရင်း ကြည့်ရင်း စဉ်းစားမိ၍ စဉ်းစားရင်း စဉ်းစားရင်းလည်း လွန်မင်းစွာ ချစ်ခင်ကြည်ညိုရကား အနီးအပါး၌ ရှိသော အမတ်များကို အမြန် သွား၍ အပင့်ခိုင်း, ခိုင်းပြီး မကြာခင် နှေးသည်ဟု ထင်သောကြောင့် “မြန်မြန် ကြွခဲ့ပါ”ဟု မှာလျက် နှစ်ခါ သုံးခါ ထပ်ကာ လွှတ်၍ ဇွတ်တရွတ်ကြီး ကြည်ညိုလေသည်။

          သို့သော် သာမဏေကား (မလျင်မမြန်) မှန်မှန်ပင် သွားလျက် နန်းတော်ပေါ် တက်မိသည့်အခါ “သင့်လျော်သော နေရာမှာ ထိုင်ပါ” ဟု (စုံစမ်းသောသဘောဖြင့်) လျှောက်ထားလျှင်  အခြားရဟန်းများ မရှိကြောင်းကို သိ၍ ရာဇပလ္လင်ပေါ်မှာပင် ထိုင်တော်မူ လေသည်၊ [စိတ်နေစိတ်ထားနှင့် အမျိုးအနွယ် အောက်ကျသူ ဖြစ်လျှင် ဘုရင့်ထက်မြင့်သော နေရာ၌ ထိုင်ဝံ့မည် မဟုတ်၊] ထို့နောက် ဆွမ်းကပ်ပြီးသောအခါ…

          မင်းတရား ။     ။ ကိုရင်တို့ဆရာ၏ သြ၀ါဒကို သိပါရဲ့လား။

          ကိုရင် ။          ။ တချို့တစ်ဝက်လောက်တော့ သိပါရဲ့။


          မင်းတရား ။     ။ ကိုရင် အဲဒီတရားကို ဟောပြစမ်းပါ။

          ကိုရင်           ။ အပ္ပမာဒေါ အမတံ ပဒံ, ပမာဒေါ မစ္စုနော ပဒံ-ထိုထိုကိစ္စ၌ မမေ့တတ်သော သတိသည် မအို မသေရာ နိဗ္ဗာန်ရောက်ကြောင်း တရားများ ဖြစ်၏၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခြင်း ကား တစ်သေတည်းသေခြင်း၏ အကြောင်းရင်း ဖြစ်၏။

          မင်းတရား                ။ ဤမျှလောက် ဟောပြလိုက်လျှင် သဘောကျ၍ တရားပြီးဆုံးသောအခါ “နိစ္စဘတ်ဆွမ်းအဖြစ် ဖြင့် ဆွမ်းရှစ်အုပ် လှူပါ၏”ဟု လျှောက်လေသည်။

          ကိုရင်                    ဤဆွမ်းအုပ်များကို ဥပဇ္ဈာယ်အား လှူပါ၏။

          မင်းတရား                         ဥပဇ္ဈာယ်ဆိုတာ ဘယ်လို ပုဂ္ဂိုလ်ပါတုံး။

          ကိုရင်                    မဟာရာဇာ…အပြစ်ကြီး အပြစ်ငယ် အသွယ် သွယ်တို့ကို (မိဘက ကြည့်ရှု၍ ပြုပြင်ပေးနေ သလို) အမြဲပြုပြင်ပေးသော မိဘသဖွယ်ပုဂ္ဂိုလ်ကို “ဥပဇ္ဈာယ်”ဟု ခေါ်ပါတယ်။

          မင်းတရား                ။ နောက်ထပ်ပြီး ဆွမ်းရှစ်အုပ် အမြဲလှူပါဦးမည်။

          ကိုရင်           ။ မဟာရာဇာ … အဲဒီ ဆွမ်းတို့ကို ဆရာ့အား လှူပါရဲ့။

          မင်းတရား                ။ ဆရာဆိုတာ ဘယ်လိုပုဂ္ဂိုလ်ပါလဲ။

          ကိုရင်           ။ အတတ်သင်ပေးတဲ့ ပုဂ္ဂိုလ်ကို ဆရာ(အာစရိယ) လို့ ခေါ်ပါတယ်။

          မင်းတရား                ။ ဒါဖြင့် နောက်ထပ် ဆွမ်းရှစ်အုပ် လှူပါဦးမည်။

          ကိုရင်           ။ အဲဒီဆွမ်းအုပ်ကိုတော့ သံဃာအား လှူပါ၏။

          မင်းတရား                ။ သံဃာဆိုတာ ဘယ်လိုပုဂ္ဂိုလ်ပါလဲ။

          ကိုရင်           ။ ရဟန်းတော်အစုအဝေးကို “သံဃာ”ခေါ်ပါ တယ်၊ ထိုသံဃာတော် အစုအဝေးကို မှီပြီးတော့မှ ဥပဇ္ဈာယ် အာစရိယတို့ ရဟန်းပြုခဲ့ကြရပါတယ်၊ ကိုရင်လည်း ဒီသံဃာကို မှီပြီး ရဟန်း ဖြစ်ရပါ့မယ်။

မင်းတရား ။     ။ နောက်ထပ်လည်းဆွမ်းရှစ်အုပ်လှူဒါန်းပါဦးမည်၊၊

သံဃာတော်ခြောက်သောင်း   

သာမဏေသည် ““ကောင်းပြီ””ဟု လက်ခံ၍ နောက်တစ်နေ့၌… သုံးကျိပ်နှစ်ပါးသော သံဃာတော်များနှင့်အတူ နန်းတော်သို့ ဆွမ်း ဘုဉ်းပေး ကြွတော်မူရာ (ဣနြေ္ဒ သိက္ခာမှစ၍ ဗြာဟ္မဏတို့ စား သောက်ပုံနှင့် သပ်ရပ်မှုချင်း ကွာခြားလေရကား) ““နက်ဖြန်ခါ နောက်ထပ် သုံးကျိပ်နှစ်ပါး ပင့်ခဲ့ပါ””ဟု လျှောက်ထား၍ ဤနည်း အားဖြင့် နေ့စဉ် နေ့စဉ် ဆတက်ထမ်းပိုး တိုးကာ တိုးကာ နောက်ဆုံး သော အချိန်မှာ ခြောက်သောင်းသော ဗြာဟ္မဏနှင့် ရသေ့ ပရိဗိုဇ် တို့အား ကျွေးနေကျ ၀တ်ကို ဖြုတ်၍ ခြောက်သောင်းသော ရဟန်းတော်တို့အား နိစ္စဘတ်ဆွမ်း လှူပြီးလျှင် နိဂြောဓသာမဏေအတွက်ကြောင့် ဗုဒ္ဓ၏ ဥပါသကာဖြစ်ကာမတ္တ မဟုတ်ဘဲ သာသနာတော်ကို အသည်းစွဲ ယုံကြည်နေသော သာသနာပြု မဟာရာဇာကြီးအဖြစ် ရောက်၍ နောက် မကြာမီပင် … အသောကာရုံမည်သော ကျောင်းတိုက်ကြီးကို တည်ဆောက်ကိုးကွယ်လေသည်။

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...