Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

အနာဂတ်သာသနာရေး အပိုင်း(၉) ကြွသွားတော်မူပုံ ၊ လူတို့အိမ်ဝယ် နေထိုင်ပုံ

$
0
0



ကြွသွားတော်မူပုံ

ပါမောက္ခဆရာကြီးသည်   ဝေဒမန္တန်နှင့် ညီညွတ်နေသော ဗုဒ္ဓလက္ခဏာတော်ကို ကြားရလျှင်ပင် အလွန်ကျေနပ်ဟန် ရှိ၏၊ ဥတ္တရလုလင်ကလည်း သူ့ကိုယ်တိုင် စုံစမ်းတွေ့ရှိသမျှကို ပြော၍အပြီးတွင် ရပ်တန့်မနေ သေးဘဲ သွားပုံ လာပုံ စသည်တို့ကို ဆက်လက် ပြောပြသည်မှာ…
အရှင်ဂေါတမသည် သွားဖို့ရန် ခြေလှမ်းသောအခါ လက်ယာဘက် ခြေကိုသာ ပထမ လှမ်းလေ့ရှိ၍ လှမ်းပြီးသော ခြေကို မဝေးလွန်း မနီးလွန်း  ချလေ့ရှိပါသည်၊  မမြန်လွန်း  မနှေးလွန်း  ကြွသွား၍ သွားသောအခါ ဒူးဆစ်ချင်း ခြေမျက်စိချင်းလည်း မထိမခိုက်ပါ၊ (ရေထဲ၌ သွားနေသူသည် ပေါင်ကို မြှောက်၍ မြှောက်၍ သွားရ သကဲ့သို့) ပေါင်ကို မြှောက်၍လည်း သွားလေ့မရှိပါ၊ ပေါင်ကို နောက်သို့လည်း မဆုတ်နစ်စေပါ၊ ပေါင်ကို တောင့်တောင့်ကြီးလည်း မဖြစ်စေ, ဟိုဘက် သည်ဘက်သို့ လှုပ်လှုပ်ရှားရှားလည်း မဖြစ်စေပါ။


          ခရီးသွားသောအခါတိုင်း အောက်ပိုင်းကသာ လှုပ်၍ အထက် ပိုင်းမှာ လှေပေါ်၌ တင်ထားအပ်သော ဆင်းတုရုပ်ကဲ့သို့ မလှုပ် မယှက် ငြိမ်သက်နေပါသည်၊ လက်မောင်းကို လှုပ်၍ ယမ်း၍ သွားလေ့ မရှိပါ၊ နောက်သို့ ကြည့်ခွင့် ကြုံလာလျှင် လည်ပင်း နောက်ပြန် မကြည့်ဘဲ တစ်ကိုယ်လုံး ပြန်လှည့်၍သာ ကြည့်ရှုလေ့ ရှိပါသည်၊ နက္ခတ်ဆရာကြီးများလို အပေါ်ကို ကြည့်၍ မော်၍လည်းကောင်း, ပျောက်သော ပိုက်ဆံကို ရှာသူကဲ့သို့ အောက်သို့ ငုံ့၍လည်းကောင်း သွားလေ့မရှိဘဲ လေးတောင်ထွာလောက် အရပ်ကို ကြည့်လျက် သွားပါသည်။ [လေးတောင်ထွာထက် လွန်သောအရပ် ကိုကား ဉာဏ်ဖြင့်သာ သိတော်မူပါသည်။]

လူတို့အိမ်ဝယ်နေထိုင်ပုံ

လူများ၏  အိမ်တွင်းသို့  ၀င်သောအခါဝယ် ကိုယ်ကို မြှင့်၍လည်း  မ၀င်,  ကုန်း၍လည်း မ၀င်ပါ၊ ထိုင်သောအခါလည်း နေရာထိုင်နှင့် မနီးမဝေး (အဆင်သင့် ထိုင်၍ ဖြစ်လောက်မှ) ကိုယ်ကို လှည့်၍ ထိုင်လေ့ရှိပါသည်၊ နေရာထိုင်ကို လက်ထောက်၍လည်းကောင်း, နေရာထိုင်ပေါ်၌ ကိုယ်ကို ပစ်ချ၍လည်းကောင်း မထိုင်ဘဲ ညင်ညင် သာသာ ထိုင်လေ့ရှိပါသည်၊

ထိုအိမ်၏ အတွင်း၌ လက်လှုပ်ခြေလှုပ် မှုကိုလည်း မပြုပါ၊ ဒူးဆစ်တစ်ခုပေါ် ဒူးဆစ်တစ်ခု တင်၍လည်း ကောင်း, ဖမျက်တစ်ခုပေါ် ဖမျက်တစ်ခု တင်၍လည်းကောင်း မထိုင်ပါ၊ လက်ဖြင့် မေးကို ထောက်၍လည်း မထိုင်ပါ၊ “တရားစကား တို့ကို အချက်ကျအောင် ပြောမှ ပြောနိုင်ပါ့မလား”ဟု တွေးကာ ကြောက်ရွံ့နေသော အမူအရာ, ဆုတ်နစ်သော အမူအရာ, တုန်လှုပ်သော အမူအရာများလည်း မရှိပါ၊ ယာဂုဆွမ်းစသည်တို့ကို တပ်မက် သော အမူအရာများ မရှိပါ၊ လူထဲသူထဲ၌ မလွှဲသာ၍ နေရပါသော်လည်း ဆိတ်ငြိမ်ခြင်း၌ အမြဲ စိတ်ညွတ်နေဟန် တူပါသည်။

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...