Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

လူ့အထက်တန်း တက်ရာလမ်း အပိုင်း(၃)

$
0
0


အချိန်မတော် လှည့်လည်ပြစ် (၆)ပါး

(၁) မိမိကိုယ်ကိုသော်မှ လုံခြုံအောင် မစောင့်ရှောက်နိုင်ခြင်း။
(ညဥ့်အခါ အချိန်မတော်မှ လမ်းထွက်လျှင် မီးမပါသူမှာ သစ်ငုတ်စသည်ကိုလည်း နင်းမိတတ်၏၊ ညဥ့်အခါ၌ မြွေများထွက်တတ်၊ တစ္ဆေသရဲတို့ လှည့်လည်တတ်ရကား ထိုမြွေ၊ ထိုတစ္ဆေသရဲတို့နှင့် တွေ့ရတတ်၏၊ ရန်သူတို့ကသော်လည်း ချောင်း၍ ဖမ်းတတ် သတ်တတ်၏၊ ထို့ကြောင့် မိမိကိုယ်ကို လုံခြုံအောင် မစောင့် ရှောက်နိုင်။)
(၂) သားမယားကိုလည်း လုံခြုံအောင် မစောင့်ရှောက်နိုင်ခြင်း။
(အိမ်ရှင်လုပ်သူက အချိန်မတော် လမ်းထွက်သွားသောအခါ သားသမီးများနှင့် အိမ်ရှင်မသည်လည်း အချိန်မတော် လမ်းထွက်တတ်ကြ၏၊ ထို့ကြောင့် သားသမီးများလည်း ဘေးရန်တွေ့ရတတ်၏၊ အိမ်ရှင်မလည်း အခြားယောက်ျား နှင့် ဖောက်ပြား၍ ပျက်စီးတတ်၏၊ မိမိအိမ်မှာပင်လည်း အိမ်ရှင်ယောက်ျားမရှိသော ညဥ့်အချိန်မှာ အခြားယောက်ျား က အတင်းဖျက်သောကြောင့် ပျက်စီးရတတ်၏၊ ဤနည်းအားဖြင့် သားသမီး မယားများပင် မလုံခြုံဘဲ ရှိရသည်။)
(၃) စည်းစိမ်ဥစ္စာ၏ မလုံခြုံခြင်း။
(အိမ်ရှင်ယောက်ျား မရှိခိုက်၌ အိမ်သို့လာ၍ ဥစ္စာကို ဓားပြတိုက်လျှင် အလွယ်တကူ ပါသွားနိုင်၏၊ အိမ်သူအိမ်သားအားလုံးပင် အချိန်မတော် ထွက်နေသောအခါ၌ကား သာမန်ခိုးသူသည်ပင် အိမ်ကို ဖျက်၍ ခိုးယူနိုင်၏၊ ဤနည်းအားဖြင့် မိမိပစ္စည်းများကို မစောင့်ရှောက်နိုင်ဘဲ ရှိရသည်။)

(၄) သူတစ်ပါးတို့ ပြုအပ်သော မကောင်းမှုတွင် အထင်ခံရတတ်ခြင်း။
(ခိုးမှု တိုက်မှု မိန်းမမှု စသည်ကို အခြားသူတို့ ပြုသွားရာ၌သော်မှလည်း အချိန်မတော် လှည့်လည်လေ့ရှိသူအပေါ်မှာ အထင်ခံရတတ်သည်။)
(၅) စွပ်စွဲသမျှ ခံရတတ်ခြင်း။
(မောင်ဖြူ၏အိမ်၌ ခိုးမှု တိုက်မှု မိန်းမမှု ဖြစ်သောအခါ အချိန်မတော် လှည့်လည်သူကလည်း ထိုအိမ်၏အနီးလမ်း၌ သွားခိုက်ကြုံလျှင် “ သူပဲ ’’ ဟု စွပ်စွဲအပ်သောစကားသည် မချေပနိုင်တော့ဘဲ သူ့အပေါ်၌သာ ကျရောက်လေတော့ ၏။)
(၆) များစွာသော အခြားဒုက္ခတို့၏ အကြောင်းဖြစ်ခြင်း။
(ညဥ့်အခါ၌ အချိန်မတော် လှည့်လည်လေ့ရှိသူမှာ စိတ်ရောကိုယ်ပါ ဆင်းရဲစရာတွေ “ ဤရွေ့ ဤမျှသာ ဖြစ်နိုင်၏ ’’ ဟု ပိုင်းဖြတ်၍ မရလောက်အောင် များမြောင်သော ဒုက္ခတို့၏ အကြောင်းဖြစ်သည်။)

ဆောင်။ ။ အချိန်မတော်၊ လမ်းများပေါ်ဝယ်၊ အပျော်လှည့်ဘိ၊ ထိုသူ၏ကား၊ မိမိကိုယ်တောင်၊ လုံခြုံအောင်လျှင်၊ မဆောင်နိုင်ငြား၊ သားမယားနှင့်၊ စီးပွားဥစ္စာ၊ မလုံသာတည်း၊ များစွာသူပြု၊ မကောင်းမှုကို၊ ထိုသူ့သာပင်၊ အများထင်၍၊ ထို့ပြင်မမှန်၊ စွပ်စွဲပြန်လည်း၊ သူ့ထံ၌သာ၊ ဆိုက်ရောက်လာ၏၊ များစွဒုက္ခ၊ ဖြစ်ကြောင်းပြသည်၊ ခြောက်ဝ ခါမဲ့လှည့်ပြစ်တည်း။

ပွဲသဘင် လှည့်လည်ပြစ် (၆)ပါး

ပွဲသဘင်တို့ကို တစ်ခါတစ်ရံ ကြည့်ရှုခြင်းမျိုးမဟုတ်ဘဲ အလွန်စွဲလမ်းစွာဖြင့် ပွဲသဘင်ရှိရာသို့ လိုက်၍ လှည့်လည်ခြင်းကို အပြစ်ဟု ဆိုသည်။ ထိုအပြစ်များတွင်…
(၁) “ အဘယ်အရပ်၌ ကပွဲရှိသနည်း ’’ ဤသို့ စုံစမ်းမေးမြန်းပြီးလျှင် ထိုကပွဲရှိရာသို့ သွားဖို့ပြင်သည်ကစ၍ အလုပ်အကိုင် ပျက်သဖြင့် ရဖို့ဥစ္စာ မရတော့၊ ကပွဲရှိရာအရပ်၌ နေသမျှ အလုပ်အကိုင် ပျက်ပြန်၏၊ လယ်ထွန်ချိန် ကျသော် လည်း မထွန်ဖြစ်ဘဲ နောက်ကျသောကြောင့် အကျိုးမရ ဖြစ်၏။ ပွဲကြည့်၍ အိပ်ရေးပျက်သောကြောင့် နေ့၌ အလုပ် မလုပ်သည့်အတွက်လည်း ရဖို့စီးပွားကို မရတော့၊ “ အိမ်ရှင်လုပ်သူသည် ကပွဲသွားနေ၏ ’’ ဟု သိ၍ ခိုးသူတို့ ခိုးကြသောကြောင့် ရှိပြီးဥစ္စာလည်း ပျက်စီး၏။
(၂) အဘယ်အရပ်၌ သီဆိုပွဲ ရှိသနည်း။
(၃) အဘယ်အရပ်၌ တီးမှုတ်ပွဲ ရှိသနည်း။
(၄) အဘယ်အရပ်၌ ကွက်စိပ်ပြောသူတို့၏ ပြောပွဲရှိသနည်း။
(၅) အဘယ်အရပ်၌ လက်ခုပ်တီးသံ (ကြေးမောင်းတီးသံ) ရှိသနည်း။
(၆) အဘယ်အရပ်၌ ဆိုင်း စည်တီးသံ ရှိသနည်း။

ဤသို့ စသည်ဖြင့် စုံစမ်းမေးမြန်း၍ ထိုပွဲသဘင်ရှိရာ အရပ်၌ပင် ရက်ပေါင်းအတော်ကြာ လှည့်လည်သွားလာ နေခြင်းကြောင့် ရဖို့စီးပွား မရဘဲ ရှိပြီးစီးပွားများ ပျက်ပြားရသည်။

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်းမှ ပြန်လည်တင်ပြပါသည်။

Viewing all articles
Browse latest Browse all 549

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ