Quantcast
Channel: ရနံ့စံအိမ်
Viewing all articles
Browse latest Browse all 549

ဒေါသအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ-၁၂)

$
0
0

စိတ်၏ ခက်ထန်ကြမ်းတမ်းခြင်း သဘောသည် ဒေါသမည်၏။ ထို့ကြောင့် “ဒေါသတွက်ကြောင့် - စိတ်စက်ခက်ထန်”ဟု ဆိုခဲ့သည်။ ခက်ထန်-ဆိုသော်လည်း ရူးရူးရှဲရှဲ ခက်ထန်ခြင်း တစ်မျိုးသာမဟုတ်။ စိတ်ညစ်နွမ်းနေပြန်လျှင်လည်း မညစ်နွမ်းသော စိတ်ကဲ့သို့ ညက်ညက်ညောညော မရှိ။ စိတ်ပုံမှာ ဖွာတာတာ ကြမ်းတမ်းတမ်း ရှိရကား စိတ်ညစ်နွမ်းမူ၊ စိတ်အားငယ်မူ၊ ကြောက်လန့်မူများလည်း ဒေါသဘောပင်။


အချုပ်မှာ - စိတ်ညစ်မူ၊ စိတ်မချမ်းသာမူ၊ ကြောက်ရွံ့မူ၊ စိတ်ပျက်မူ၊ စိတ်ကောက်မူ၊ စိတ်ဆိုးမူ၊ ရန်ငြိုးဖွဲ့မူ၊ ဆဲဆိုငေါက်ငမ်း ခြောက်ချမ်းမူ၊ တိုက်ခိုက်မူ၊ သေကြေပျက်စီးအောင် ကြံဆောင်မူ အစုစုသည် ဒေါသချည်းတည်း။ ကြောက်လန့်မူ၊ ကြမ်းတမ်းမူ ၂-မျိုးလုံး၌ပင် ဒေါသ ပါဝင်ရကား ဒေါသကြီး၍ စိတ်ခက်ထန်ကြမ်းတမ်းသူသည် ကြောက်စရာရှိလျှင်လည်း ကြောက်လွယ်တတ်သည်။ ထိုသူမျိုးကို သတိထား၍ အကဲခတ်ပါလေ။ (ခက်ထန်ကို အတက်ဒေါသ၊ ကြောက်ရွံ့မူကို အသက်ဒေါသဟုလည်း ခွဲကြသေး၏။)


အမျိုးသမီးတစ်ယောက်ဝတ္ထု

 

ပြခဲ့ပြီးသော ဒေါသများကို အတော်စုံအောင် ခံစား၍ သွားရရှာသော အမျိုးသမီးကလေးတစ်ဦး၏ အိန္ဒိယနိုင်ငံ၌ ဖြစ်ပုံကို ဒေါသသဘော အမျိုးသမီးကလေးတစ်ဦး၏ အိန္ဒိယနိုင်ငံ၌ ဖြစ်ပုံကို ဒေါသသဘော သိရုံသာမက လူငယ်ချင်း မေတ္တာမမျှဘဲ အတင်းပေးစားလေ့ရှိသော မိဘတို့ကို သတိရစေသလိုလည်း ဖြစ်ပေသည်။ ဤ၀တ္ထုပါ ငယ်ရွယ်သူ ၂-ယောက်ကား တစ်ယောက်သဘောကို တစ်ယောက်မသိကြ။ ၂-ဖက်မိဘတို့ စေ့စပ်ချက်ဖြင့် လက်ထပ်ပြီးကြလေပြီ။ သတို့သမီးလေးသည် အမျိုးကောင်းသမီးပီပီ တည်တည်ကြည်ကြည်နှင့် ၀တ်ကျေအောင် ပြုရှာပေ၏။ သို့သော် သတို့သားက ဘယ်ဟာပြုပြု အကောင်းဟုမထင်၊ ခင်မင်ယူယမူ မရှိချေ။


မိမိကပြုစုပါလျက် ခင်ပွန်းက ဂရုမစိုက်သည့်အတွက် သတို့သမီး စိတ်ပျက်စ ပြုလာသည်။ စိတ်ညစ်။ စိတ်မချမ်းသာ။ မကြာမကြာ မိုင်နေသည်။ နဂိုကပင် မကျေနပ်သော ခင်ပွန်းသည်သည် ထိုမသာယာဖြစ်နေပုံကို မြင်လျှင် သာလွှတ်၍ပင် ရွံမုန်းကာ တစ်ခါတစ်ခါ အကြမ်းဖက်လာ၏။ သတို့သမီးက စိတ်နာ၏။ ခင်ပွန်းသည်၏ ပြုမူပုံကို မကျေနပ်နိုင်။ သို့သော် မည်သို့မျှ မတတ်နိုင်တော့ဘဲ မိမိဝတ္တရားကျေအောင် ပြုမြဲပြုရှာ၏။


သို့ရာတွင် ကျောက်တုံးကျောက်သား မဟုတ်ဘဲ စိတ်ဝိညာဉ်ကိုပါသော ကိုယ်ခန္ဓာဖြစ်ရကား မကြာခဏ မိမိ၏ဘ၀ကို အဆုံးစီရင်ရန် ကြံလေသည်။ ဤကဲ့သို့ ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်မချမ်းသာခြင်း၊ ကြောက်ရွံ့ခြင်းတို့ ဆက်တွဲ၍ လောကငရဲခံကာ သားသမီးနှစ်ယောက် ဖွားမြင်ပြီးသည့်တိုင်အောင် အောင့်အည်းခဲ့ပါသော်လည်း နောက်ဆုံး၌ မစောင့်စည်းနိုင်တော့ရကား ကိစ္စတစ်ခုအတွက် အခြားမြို့သို့ သွားနေသော ခင်ပွန်းသည်ထံသို့ စာတစ်စောင်ရောက်လာသည်မှာ ----


“အရှင် --- မိဘများ ပေးစားသော ခင်ပွန်းပင် ဖြစ်သော်လည်း အရှင့်ကို အမှန်ချစ်၍ အရှင်၏အချစ်ကိုလည်း ရရှိနိုင်ရန် အမှန်ပင် ကြိုးစားခဲ့ပါသည်။ သို့သော် ကျွန်မ၏ ကြိုးစားမူတွေမှာ အကျိုးမရသည့်အပြင် “မာယာများတယ်”ဟုသာ အထင်ခံရ၍ စိတ်ပျက်လှသဖြင့် ဘ၀ကို အဆုံးစီရင်ရန် မကြာခဏကြံသော်လည်း ကလေးများ မျက်နှာထောက်၍ အထမမြောက်ခဲ့ပါ။ ယခုမှာမူ ဆက်လက်၍ နေသော်လည်း စိတ်ညစ်ရုံသာ ရှိမည်ဖြစ်သောကြောင့် ဤစာကို ရေးပြီးနောက် ကလေးများ စားမည့်မုန့်ထဲ၌ အဆိပ်ခတ်ပြီးလျှင် ကျွန်မ၏ဘ၀ကို အဆုံးစီရင်လိုက်ပါပြီ။”


အထက်ပါစာကို ရပြီးနောက် ခင်ပွန်းသည် ယောက်ျားလည်း သူ့ဇနီး၏ လိမ္မာပုံတွေကို အကုန်အစင် ထင်မြင်လာရတော့ကား ကပျာကသီ ပြန်သွားလေရာ အိမ်ပေါ်မှာ ပြင်ထားသော မိသားစု ၃-ဦး၏ အလောင်းကိုသာ တွေ့ရသဖြင့် အဆင်သင့်ရှိသော သေနတ်ဖြင့် သူ၏ဇာတ်ကိုပါ အဆုံးသတ်လိုက်လေသည်။ (ဤ၀တ္ထု၌ ဒေါသဖြစ်ပုံများ ထင်ရှားလေပြီ)။ ဤ၀တ္ထုကိုထောက်၍ အကြောင်းအားလျော်စွာ ဆုံးတွေ့ကြရသောအခါ သဘောထားကြီးကြီး ထား၍ ပြေပြေပြစ်ပြစ်ဖြစ်အောင် ကြိုးစားကြပါလေ။

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။ 
♣ ဒိဋ္ဌိအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။ 

Viewing all articles
Browse latest Browse all 549

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...